Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

နတ်တလင်း ထွန်တုံးတိုက်ပွဲဝင်သည့် လယ်သမားများကို စစ်တပ်က သေနတ်ပစ်ဖောက် ခြောက်လှန့်

 စစ်တပ်နှင့်ရဲက သိမ်းထားသည့် လယ်မြေများပေါ်တွင် ထွန်တုံးတိုက်ပွဲဝင်သည့် ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းမြို့နယ်တွင် လုံခြုံရေးယူထားသည့် စစ်တပ်က သေနတ်ပစ်ဖောက်မှုတစ်ခု ဇူလိုင် ၈ ရက်တွင် ဖြစ်ပွားခဲ့သည်။

ယင်းလယ်မြေများပေါ်တွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခြင်းကို ဇွန် ၁၀ ရက်ကပင် စတင်ခဲ့ပြီး ခမရ ၅ အင်းမ တပ်က နတ်တလင်းမြို့နယ်၊ ကျပ်ကြီးကြိုးဝိုင်းလယ်ကွင်းတွင် လုံခြုံရေးယူထားခဲ့ခြင်းဖြစ်သည်ဟု လယ် သမားများက ဆိုသည်။ လုံခြုံရေးယူထားသည့် စစ်တပ်မှ ဇူလိုင် ၈ရက် နေ့လည် တစ်နာရီခန့်တွင် လယ် သမားများအား သေနတ်ပစ်ဖောက် ခြောက်လှန့်ခဲ့ခြင်းဖြစ်သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ လယ်သမား ဦးဝင်းကြိုင်က ပြောသည်။

၎င်းက “ကျွန်တော် လယ်ကွင်းကို ၀င်ဖျက်ဆီးပါတယ်၊ ကျွန်တော်တို့ကိုလည်း ထွက်သွားလို့ ပြောပါ တယ်၊ သေနတ်တွေကိုင်ပြီး အတင်းဝင်လာပြီး ဆက်မလုပ်ဖို့ ဆက်လုပ်ရင် အကြမ်းဖက်မယ်လို့ စစ်တပ် က ပြောတယ်၊ သေနတ်ပစ်ဖောက်တာ နေ့လည်တစ်နာရီက လေးချက် စပစ်ဖောက်တယ်၊ စုစုပေါင်း စစ်တပ်က သေနတ်ပစ်ဖောက်တာ ၁၁ ချက်လောက် ရှိတယ်” ဟု သူကြုံတွေ့ရသည်ကို ပြောသည်။

နတ်တလင်းမြို့နယ်နှင့် ပေါင်းတည်တ၀ိုက်ရှိ တောင်သူ ၅၇ ဦးပိုင် လယ်ဧက ၁၄၀ ကို ရဲတပ်ရင်းမှ ဧက ၄၀၊ စစ်တပ်မှ ဧက ၁၀၀ ခန့်ကို ၁၉၈၉ ခုနှစ်ခန့်ကပင် သိမ်းယူခဲ့ပြီး အဆိုပါ အသိမ်းခံ လယ်မြေများထဲမှ လယ်မြေ ၇၀ တွင် လယ်ပိုင်ရှင်များက ထွန်တုံးတိုက်ပွဲများ ဆင်နွှဲခဲ့သည်ဟု ပေါင်းတည်မြို့နယ်မှ လယ် သမား ဦးရင်ကြည်က မဇ္ဈိမကို ပြောသည်။

“သေနတ်ပစ်ဖောက်ထားလို့ လယ်သမားတွေ ကြောက်လန့်နေကြတယ်၊ ဒီလိုမျိုး အတွေ့အကြုံမျိုး လယ်သမားတွေမှာ မရှိကြဘူး၊ လယ်ထဲမှာ စပါးပင်တွေတောင် စိုက်ပျိုးလို့ ပြီးနေပြီ၊ သတ်ချင်လဲ သတ်ပေါ့၊လုပ်စားစရာ အလုပ်မရှိရင်တော့ ဆက်ပြီး လယ်စိုက်သွားမှာပါ”ဟု ၎င်းက ပြောသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်မှ ဒေါ်နော်အုန်းလှကလည်း ယင်းဖြစ်စဉ်အတွက် တိကျ သေချာသော အဖြေရရှိစေရန်အတွက် သွားရောက် စုံစမ်းသွားမည်ဖြစ်ပြီး တိကျသော စုံစမ်းမှုအပေါ် မူ တည်၍ သမ္မတထံသို့ တင်ပြသွားမည်ဟု မဇ္ဈိမကို ပြောသည်။

“ဒီလိုမျိုးလုပ်တယ်ဆိုတာ ဥပဒေမဲ့ လုပ်ရပ်ဖြစ်နေတဲ့အတွက် ကန့်ကွတ်ရှုတ်ချပါတယ်၊ လက်နက်မရှိတဲ့ ပြည်သူကို အာဏာရှိတဲ့သူ၊ လုပ်ပိုင်ခွင့်ရှိသူက ခြိမ်းခြောက်တာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုး ဖောက်တယ်လို့ မြင်ပါတယ်၊ စစ်တပ်ဆိုတာ အစိုးရရဲ့ ဘတ်ဂျက် အများဆုံးရှိထားတဲ့ ၀န်ကြီးဌာနတစ်ခု ဖြစ်လို့ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို မယူသင့်ဘူးလို့ ယူဆပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး နတ်တလင်း ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းရာ တာဝန်ကျရဲအရာ ရှိ ရဲအုပ်ကျော်ထွန်းက ရဲစခန်းအနေဖြင့် ထိုကိစ္စကို သိရှိခြင်းမရှိဟု ဆိုသည်။

ယင်းဒေသတွင် ထွန်တုံးတိုက်ပွဲသို့ ကူညီရန် သွားရောက်ခဲ့သော ပြည်သူ့ အကျိုးဆောင်ကွန်ရက်ဝင် နှစ် ဦးနှင့် နိုင်/ကျဉ်း မိသားစုများ ကွန်ရက်ဝင်တစ်ဦးကို ဇွန် ၂၅ ရက်တွင် နတ္တလင်းမြို့နယ် တရားရုံးမှ ပုဒ်မ ၁၈ နှင့် တရားမ၀င် အသင်းဖွဲ့သည့် ဥပဒေပုဒ်မ ၆ တို့ဖြင့် တရားစွဲဆိုခဲ့သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့