Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 7 July 2013

စက်သုံးဆီ ဈေးနှုန်း အနည်းငယ် မြင့်တက်လာ

  ပြည်တွင်းမှာ ရောင်းချနေတဲ့ စက်သုံးဆီ ဈေးနှုန်းများဟာ အခုအပတ် အတွင်းမှာ ဈေးနှုန်း အနည်းငယ် မြင့်တက် လာတယ်လို့ စက်သုံးဆီ အရောင်းဆိုင်
များမှ တာဝန်ရှိသူတွေရဲ့ ပြောကြားချက် အရ သိရပါတယ်။ စက်သုံးဆီများ ရောင်းချမှုဟာ ယခင်က အောက်တိန်း တစ်လီတာကို ၈၈၀ ကျပ်နဲ့ ဒီဇယ် တစ်လီတာ ၈၈၀ ရောင်းချခဲ့ရာမှ ယခုရက်ပိုင်း အတွင်း မှာတော့ အောက်တိန်း တစ်လီတာ ၉၀၀ ကျပ်နဲ့ ဒီဇယ် တစ်လီတာ ၈၉၀ ကျပ်သို့ ဈေးနှုန်း အနည်းငယ် မြင့်တက် လာတာ ဖြစ်တယ်လို့ သိရပါတယ်။
 

ဒီလို မြင့်တက်မှုဟာ အမေရိကန် ဒေါ်လာ ငွေလဲနှုန်း မြင့်တက် လာခြင်းကြောင့် ဖြစ်တယ်လို့ တာဝန်ရှိသူမှ ဆိုပါတယ်။ ယခု လက်ရှိမှာတော့ အမေရိကန် ဒေါ်လာ ငွေလဲနှုန်းမှာ တစ်ဒေါ်လာကို မြန်မာငွေ ၉၇၅ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ယခုလက်ရှိမှာ စက်သုံးဆီ ဈေးတွေဟာ ဒေါ်လာ ဈေးကွက်ပေါ် မူတည်ကာ ဖြစ်ပေါ်လျက် ရှိတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့