Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

တောင်ကြီးခရိုင်အတွင်း ဖြစ်ပေါ်နေတဲ့ ရာဇ၀တ်မှုများ မူးယစ်ဆေး သုံးစွဲမှုကြောင့် ဖြစ်တယ်လို့ ခရိုင်ရဲမှူးသုံးသပ်

 ၂၀၁၃ ခုနှစ် ဇွန်လအထိ တောင်ကြီးခရိုင်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ သေမှုသေခင်းများ၊ လူသတ်မှုများ၊ မုဒိမ်းမှုများ အပါအ၀င် မူးယစ်မှုများအားလုံး လိုလိုသည် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်မှုက အများဆုံးဖြစ်ကြောင်း တောင်ကြီးခရိုင် ရဲမှူးကြီး ကျော်အေးက သုံးသပ်လိုက်ပါတယ်။

တောင်ကြီးမြို့ခရိုင်ပြည်သူ့ရဲတပ်ဖွဲ့ရုံးတွင် ဇွန်လ ၂၉ ရက်နေ့က မြို့မိမြို့ဖများအား တွေ့ဆုံစဉ် ယခင်နှစ်ကထက် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုများ ပိုဖြစ်ပွားနေကြောင်းနှင့် လူသတ်မှုများ၊ မုဒိမ်းမှုများကို စစ်ဆေးကြည့်ရာတွင်လည်း သေရည်သောက်စားခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း တို့ ပြုလုပ်ရာ မှ ဆေးကြောင်၊ အရက်ကြောင် ပြီး ဖြစ်ပွားသည်ကို တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။

မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု ၁၃၀ အထိ ဖြစ်ပွားခဲ့သဖြင့် မြို့မိမြို့ဖများ အနေဖြင့် မိမိတို့နေထိုင်ရာ ရပ်ကွက်များအတွင်းအချိန်မရွေး ရာဇ၀တ်မှုကျူးလွန်နိုင်တဲ့ ရွက်ပုန်းသီးလူဆိုးများကို ဂရုပြုလေ့လာကာ ပြည်သူ့ရဲတပ်ဖွဲ့သို့ အချိန်မရွေး သတင်းပေးစေလိုကြောင်း ၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် အတူပူးပေါင်းပါဝင်ကူညီစေလိုကြောင်း တောင်းဆိုလိုက်ပါတယ်။

ရပ်ကွက်များအတွင်း လိုင်စင်မဲ့ အရက်ပုန်းဆိုင်များ၊ မူးယစ်ဆေးရောင်းဝယ်ခြင်းများကို အရေးယူသွားနိုင်ရန် မြို့မိမြို့ဖများက လည်း သတင်းပေးစေလိုကြောင်း မိမိတို့အနေဖြင့်လည်း ထိရောက်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ဒုရဲမှူးက ပြောပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့