Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 7 July 2013

Disk Cleanup အကြောင်း (System Tools)'

Hard Disk ထဲမှာ အချိန်ကြာလာတာနဲ့အမျှ Temporary File တွေပွလာပါတယ်။ Temporary File ဆိုတာက ကျွန်တော်တို့က Application တွေကိုသုံးပြီး ကွန်ပျူတာကို ခိုင်းတဲ့နေရာမှာ ၎င်း Application တွေက လူတွေခိုင်းတာကို ပြီးမြောက်စေဖို့ Temp File တွေ Hard Disk ထဲမှာ သွားဖွင့်ပါတယ်။ ကျွန်တော်တို့ သင်္ချာတွက်ရင် အကြမ်းစာရွက် အသုံးပြုသလိုပေါ့ဗျာ။ နောက်ဆုံးအဖြေရရင် အကြမ်းစာရွက်ကို မသုံးဘဲ အဖြေစာရွက်ကိုပဲ အသုံးပြုမယ်။ ဒီလိုပေါ့။ ဒီ Application တွေကလည်း Hard Disk မှာ Temp File တွေ ထုတ်ပြီး အလုပ်လုပ်၊ ဒါကိုလူတွေက မမြင်ရဘူးလေ။ လူကတွေ့နေတာ ကိုယ်လက်ရှိ အသုံးပြုနေတဲ့ Application ထဲက File ကိုပဲ။ ဒီ Temp File တွေက လူတွေဒီ Application ထဲကထွက်ဆိုတာနဲ့ Application က၎င်း Temp File တွေကို သူ့ဘာသာသူ ပြန်ဖျက်လိုက်တယ်။ အဲ့ဒီလို Application ထဲက မထွက်ခင် မီးပျက်တာတို့၊ reset ဖြစ်တာတို့ဆို ဒီ Temp File တွေက မပျက်တော့ဘဲ Hard Disk ထဲမှာ အရှုပ်ထုပ် ဖြစ်လာတာပေါ့။ Graphic အသုံးပြုသူတွေရဲ့ စက်မှာဆို ၎င်း Temp File တွေရဲ့ နေရာယူလာမှုဟာ Hard Disk ရဲ့ Free Space ကို တောင်ခြိမ်းခြောက်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ၎င်း Graphic Temp File တွေရဲ့ File Size ကကြီးမားလို့ပါ။
          ဒါ့အပြင် တစ်ခြား Internet Download File တွေ၊ Internet Temp File တွေ၊ Hard Disk ကနေ Check Disk လုပ်ထားတဲ့ File တွေ စတာတွေကို လူကလိုက်ရှာပြီး တစ်ခန်းဝင်တစ်ခန်းထွက်နဲ့ လိုက်ဖျက်စရာ မလိုဘဲ Disk Cleanup ကနေ တစ်စုတစ်စည်းထဲ ဖျက်ချလို့ရတဲ့အတွက် များစွာအဆင်ပြေသွားမှာ ဖြစ်ပါတယ်။ Disk Cleanup ကို အသုံးပြုဖို့အတွက် Disk Cleanup ဖွင့်လိုက်ရင် မိမိ Clean လုပ်ချင်တဲ့ Drive ကိုရွေးပေးရမှာ ဖြစ်ပါတယ်။ ခဏလောက်စောင့်ပြီးရင် ရှင်းလင်းရမယ့် File တွေကို အမျိုးအစားအလိုက် Size အလိုက်ပြထားပါတယ်။ ရှင်းလင်းရမယ့် File တွေရဲ့ ရှေ့မှာ ရှိတဲ့ Check Box လေးတွေကို အမှန်ခြစ်ပြီး OK နှိပ်လိုက်ရုံပါပဲ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့