Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 5 July 2013

အိန္ဒိယ ရေတပ်အတွက် ရုရှားနိုင်ငံမှ တည်ဆောက်ပေးခဲ့သည့် ကိုယ်ပျောက် Trikand missile frigate စစ်သင်္ဘော

ရုရှားနိုင်ငံသည် အိန္ဒိယ နိုင်ငံ ရေတပ်အတွက် တည်ဆောက်ပေးလျက် ရှိသော frigate စစ်သင်္ဘော သုံးစင်းအနက် နောက်ဆုံးတစ်စင်း ဖြစ်သည့်
INS Trikand အား ဇူလိုင်လ ၁ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ လွှဲပြောင်း ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း လက်နက် တင်ပို့သည့် ကုမ္ပဏီ တစ်ခုဖြစ်သည့် Rosoboronexport ၏ အတည်ပြု ပြောကြားချက် အရ သိရသည်။ အဆိုပါ Trikand missile frigate စစ်သင်္ဘော လွှဲပြောင်း ပေးအပ်ပွဲအား Kaliningrad ရှိ Baltic exclave ဒေသအပိုင် Yantar သင်္ဘောကျင်းတွင် လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ရုရှား နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့မှ အရာရှိများက လွှဲပြောင်း လက်ခံစာချုပ်တွင် လက်မှတ်ရေးထိုးကြပြီးနောက် အိန္ဒိယ ရေတပ် အလံကို လွှင့်ထူခဲ့သည်။ ရုရှား နိုင်ငံသည် အိန္ဒိယ နိုင်ငံအတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ Krivak III အတန်းအစား ပဲ့ထိန်းဒုံး တပ်ဆင်ထားသော frigate စစ်သင်္ဘောသုံးစင်း တည်ဆောက်ပေးရန် ၂ဝဝ၆ ခုနှစ်က သဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သဘောတူညီမှုများထဲမှ ပထမဆုံး သင်္ဘော INS Teg အား ၂ဝ၁၂ ဧပြီတွင် လည်းကောင်း ၊ ဒုတိယသင်္ဘော INS Tarkash အား ၂ဝ၁၂ ဒီဇင်ဘာတွင် လည်းကောင်း အိန္ဒိယ နိုင်ငံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်သည်။

http://www.en.rian.ru/military_news/20130702/181998647/Russia-Hands-Over...

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့