Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 7 July 2013

Windows 7 အကြောင်း'

    Windows 7 Operating System ကို ထုတ်လုပ်တဲ့ Company ကတော့ Microsoft ဖြစ်ပါတယ်။ Client Operating System ဖြစ်ပြီး သူ့ရှေ့ထုတ်လုပ်ခဲ့တဲ့ Windows Operating System တွေကတော့ Windows 3.1, Windows 95, Windows 98, Windows me, Windows 2000, Windows XP,  Windows XP, Windows Vista တို့ပဲဖြစ်ပါတယ်။ Windows XP မှာ အထူးအောင်မြင်ခဲ့တဲ့ Microsoft ဟာ Vista ကိုထွက်ရှိလာတဲ့အခါ ထင်သလောက် အောင်မြင်မှုမရှိပဲ ဝေဖန်မှုများနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

Windows Vista ဟာ လူတွေအသားကျနေတဲ့ XP နဲ့ မတူညီတဲ့ အသွင်အပြင်တွေကြောင့် အသုံးပြုရ ခက်ခဲနေရတဲ့ကြားထဲ သူထွက်ရှိတဲ့အချိန်မှာ သုံးနေကြတဲ့ Computer Hardware တွေနဲ့ နှိုင်းယဉ်ချိန်ဆကြည့်ရင် Hardware Requirement ကမြင့်မားလွန်းတာကြောင့် အလွန်လူကြိုက်များ လာမယ်လို့ မျှော်မှန်းခဲ့တဲ့ Microsoft ရဲ့ Vista ဟာ မှန်းချက်နဲ့နှမ်းထွက်မကိုက် ဖြစ်ခဲ့ရပါတယ်။ ဒီကြားထဲ အရင်က OS တွေမှာ အသုံးပြုခဲ့တဲ့ Software အချို့ဟာ Vista မှာ အသုံးပြုလို့ မရတာကြောင့် Vista တင်ပြီးမှ XP ကို ပြန်ပြီး Downgrade လုပ်ကြရတဲ့သူတွေလည်း များခဲ့ပါတယ်။ ဒီလို Vista ရဲ့ မအောင်မြင်မှုအပေါ် ဖုံးလွှမ်းနိုင်ဖို့ Windows 7 ကိုထုတ်လုပ်ခဲ့ပါတယ်။

            Windows 7 ဟာ Vista နဲ့ အသွင်သဏ္ဍာန် နည်းနည်းဆင်တူပေမယ့် Windows 7 ထွက်ရှိတဲ့ အချိန်မှာ သုံးနေကြတဲ့ Hardware Requirement တွေနဲ့ဆိုရင် တော်တော်များများ အဆင်ပြေမှုရှိတာရယ်၊ Software အဟောင်းတွေ ပြန်လည်အသုံးပြုလို့ရတာတွေနဲ့ Vista ရဲ့ အားနည်းချက်တွေကို ပြင်ဆင်ပြီးတော့ ပိုမိုလုံခြုံမှုရှိအောင် ထုတ်လုပ်နိုင်ခဲ့တာကြောင့် လူကြိုက်များလာပြီး အောင်မြင်လာခဲ့ပါတယ်။ Windows 7 ကို အသုံးပြုတဲ့သူတွေရဲ့ လိုအပ်ချက်နဲ့ လုပ်ငန်းပေါ်မူတည်ပြီး Edition တွေအမျိုးမျိုးရှိပါတယ်။

Windows 7 မှာဆိုရင် Edition ၆ မျိုးရှိပါတယ်။ Microsoft ကထုတ်တဲ့ Windows 7 Edition တွေကတော့...
1.         Windows 7 Starter Edition
2.         Windows 7 Home Basic Edition
3.         Windows 7 Home Premium Edition
4.         Windows 7 Professional Edition
5.         Windows 7 Enterprise Edition
6.         Windows 7 Ultimate Edition တို့ဖြစ်ကြပါတယ်။
            ဒီ ၆မျိုး ထဲမှာမှ Starter, Home Premium, Professional နဲ့ Ultimate တို့ကိုတော့ လူသိများပါတယ်။

1. Starter Edition အကြောင်း
            Starter Edition ကတော့ ပေါ့ပါးမှုရှိတယ်။ သူ့ကို Network Computer တွေမှာသုံးဖို့ Design ထုတ်ထားတာပါ။ သူ့မှာ Media Center Feature မပါရှိပါဘူး။ မှန်လိုမျိုးဖောက်မြင်ရတဲ့ Transparent ဖြစ်တဲ့ Areo Glass Feature မပါရှိပါဘူး။ Multiple Monitor Support လုပ်နိုင်တဲ့ နည်းပညာလိုမျိုးတွေ မပါရှိပါဘူး။ Windows 7 ရဲ့ Edition တွေထဲမှာဆိုရင်တော့ အနိမ့်ဆုံးပါပဲ။ Taskbar ကနေ Thumbnail View ကြည့်တဲ့ Feature လိုမျိုးတောင် မပါဝင်ပါဘူး။ Internet Connection ကိုလည်း Share လုပ်လို့မရပါဘူး။

2. Home Basic Edition အကြောင်း
            ကျွန်တော်ကတော့ ဒီ Home Basic Edition ကမှ Windows 7 ရဲ့ Windows အတွေ့အကြုံတွေကို တကယ်စပြီး ခံစားရတယ်လို့ ထင်ပါတယ်။ Starter မှာ မရရှိခဲ့တဲ့ Aero နည်းပညာကို အကန့်အသတ်ဖြင့် အသုံးပြုခွင့်ရပါတယ်။ သူ့မှာလည်း Media Center မပါရှိပါဘူး။ အခုပေါ်နေတဲ့ နည်းပညာအသစ်ဖြစ်တဲ့ Multitouch နည်းပညာကို အသုံးပြုလို့မရပါဘူး။ Multitouch ဆိုတာကတော့ Touch Screen Monitor တွေလို နည်းပညာတွေကိုပေါ့။ ဒါတွေကိုလည်း အသုံးပြုလို့ မရပါဘူး။ ဒီ Edition မှာတော့ Taskbar ကနေ Thumbnail Preview ကြည့်လို့ရပါတယ်။ Multi Monitor ကိုလည်း Support လုပ်ပြီး၊ Internet Connection ကိုလည်း Share လုပ်လို့ရပါတယ်။

3. Home Premium Edition အကြောင်း
            ဒီ Home Premium Edition ကတော့ အိမ်သုံး User တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားပြီး ဈေးနှုန်းမြင့်လာသလို ပါဝင်တဲ့ Feature တွေလည်း ပိုမိုများပြားလာပါတယ်။ ရှေ့က Edition တွေမှာ မရတဲ့ Aero, Media Center, Multitouch စတဲ့ Feature တွေလည်း ပါဝင်လာပါတယ်။ Aero နည်းပညာကို ဒီ Edition ရောက်မှ အပြည့်အ၀ ခံစားရရှိနိုင်ပါတယ်။ Network ပိုင်းမှာလည်း Homegroup ပြုလုပ်လို့ရပါတယ်။ ဒါပေမယ့် Remote Desktop Host အနေနဲ့တော့ အသုံးပြုလို့ မရပါဘူး။

4. Professional Edition အကြောင်း
            ဒီ Professional Edition ကိုတော့ Home Worker, Home Office, Small Bussiness တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ ရှေ့က Edition တွေမှာပါတဲ့ Feature တွေအပြင် Network Backup, Encrypting File System စတဲ့ နည်းပညာတွေပါဝင်လာပါတယ်။ Remote Desktop Host ကို အသုံးပြုလို့ရပြီး Windows XP Mode ကို အသုံးပြုနိုင်ပါပြီ။ Windows XP Mode ဆိုတာကတော့ Windows Vista တုန်းက Windows XP မှာ အသုံးပြုလို့ရပေမယ့် Vista မှာ အသုံးပြုလို့မရတဲ့ Software တစ်ချို့ကြောင့် User တွေ အဆင်မပြေဖြစ်ခဲ့ပါတယ်။ ဒါကို ဖြည့်ဆည်းတဲ့အနေနဲ့ Windows 7 မှာတော့ Windows အသစ်တွေမှာ မ Run နိုင်တဲ့ Software တစ်ချို့၊ ဥပမာ Windows XP မှာသာ အသုံးပြုနိုင်တဲ့ Software မျိုးကို Windows 7 မှာ အသုံးပြုနိုင်ဖို့ Windows XP Mode ဆိုတဲ့ Program ပြုလုပ်ထားပြီး အဲ့ဒီ Program က Windows XP တင်ထားတဲ့ ကွန်ပျူတာတစ်လုံးလို Virtual Machine အနေနဲ့ ထည့်သွင်းအသုံးပြုတာပါ။

5. Enterprise Edition အကြောင်း
            Enterprise Edition မှာတော့ Professional Edition က Feature တွေ အားလုံးပါဝင်ပါတယ်။ ဒါ့အပြင် BitLocker Protection, Direct A****s, Federated Search စတဲ့ နည်းပညာတွေ ပါဝင်ပါတယ်။ ဒါပေမယ့် Enterprise Edition ကို အများအပြား ၀ယ်ယူအသုံးပြုတဲ့ Company တွေကိုသာ လက်ကား ရောင်းချပေးပါတယ်။

6. Ultimate Edition အကြောင်း
            User တွေအတွက်တော့ ဈေးကြီးပြီး Feature အစုံလင်ဆုံး Edition ပေါ့။ ပါဝင်တဲ့ Feature တွေကတော့ Enterprise Edition နဲ့တူတူပါပဲ။ Language ၃၅ မျိုးကို ရွေးချယ်ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ Enterprise နဲ့ ကွာတာကတော့ User တွေလည်း လက်လီဝယ်ယူ အသုံးပြုလို့ ရပါတယ်။

            ဒီတော့ ခြုံငုံသုံးသပ်လိုက်မယ်ဆိုရင် Starter ကို Netbook တွေမှာ အသုံးပြုကြပြီး၊ Home Basic နဲ့ Home Premium ကို အိမ်သုံး User တွေ အသုံးများပြီး၊ Professional ကိုတော့ Business အသေးစားလေးတွေမှာ သုံးကြတာများပါတယ်။ Enterprise ကိုတော့ Enterprise Level Company တွေမှာ Client အနေနဲ့ သုံးကြပြီးတော့၊ Ultimate ကိုတော့ ဈေးနှုန်းများလွန်းတဲ့အတွက် Corporate လုပ်ငန်းတွေမှာ Client အဖြစ်သုံးပြီး၊ ငွေကြေးတတ်နိုင်တဲ့ User တွေလည်း ၀ယ်ယူအသုံးပြုကြပါတယ်။

Windows 7 Edition တွေရဲ့ Feature တွေကို နှိုင်းယှဉ်ကြည့်ခြင်း
            Windows 7 ရဲ့ Edition တွေမှာရရှိနိုင် Feature အသေးစိပ်ကိုလည်း အောက်မှာ Table ဆွဲပြထားပါတယ်။ Enterprise ကိုတော့ Ultimate နဲ့ အတူတူပဲ ဖြစ်တဲ့အတွက် ထည့်ပြီး မဆွဲပြတော့ပါဘူး။


Windows 7
Starter
Windows 7
Home Basic
Windows 7
Home Premium
Windows 7
Professional
Windows 7
Ultimate
Improved task bar
and jump lists
a
a
a
a
a
Windows Media
Player
a
a
a
a
a
Backup and restore
a
a
a
a
a
Thumbnail Previews
from taskbar

a
a
a
a
Multi monitor support

a
a
a
a
internet connection
sharing

a
a
a
a
Aero glass and advanced
windows navigation


a
a
a
Windows Media Centre


a
a
a
Create a home group


a
a
a
Snipping tool and
sticky notes


a
a
a
Remote Desktop Host


a
a
a
Windows  XP mode



a
a
Multi language packs



a
a
Boot from virtual hard
drive




a

Windows 7 ရဲ့ System Requirement တွေကတော့ 32-bit နဲ့ 64-bit System အတွက်ဆိုပြီး ၂ မျိုး ခွဲခြားထားပါတယ်။ Processor ကတော့ 32-bit ကော 64-bit မှာပါ 1GHz နဲ့အထက်ရှိတဲ့ Processor သုံးထားရမှာဖြစ်ပြီး၊ RAM ကတော့ 32-bit အတွက်ဆို 1GB နဲ့ 64-bit အတွက်ဆို 2GB လိုအပ်ပါတယ်။ Harddisk ရဲ့ နေရာလွတ်ကတော့ 32-bit အတွက်ဆို 16GB နဲ့ 64-bit အတွက်ဆို 20GB ကျန်ရှိနေရပါမယ်။ Graphic အနေနဲ့ကတော့ DirectX 9 ကို Support လုပ်နိုင်တဲ့ Graphic Device ဖြစ်ရပါမယ်။ စာဖတ်သူအနေနဲ့ ပိုပြီး ရှင်းရှင်းလင်းလင်း သိသွားအောင် အောက်မှ ပုံစံကို ကြည့်လိုက်ပါ။

32-bit (x86) System
Processor (CPU)             -           1 Gigahertz (GHz)
RAM                              -           1 GB
Harddisk (Disk space)    -           16 GB

64-bit (x64) System
Processor (CPU)             -           1 Gigahertz (GHz)
RAM                              -           2 GB
Harddisk (Disk space)    -           20 GB

            Graphic ပိုင်းမှာက Aero Theme ကို လိုချင်တယ်ဆိုရင်တော့ Computer မှာ တင်ဆင်ထားတဲ့ Graphic Card သို့မဟုတ် Onboard Chip ဟာ Memory 128 MB ရှိပြီး DirectX 9 ကို Supports လုပ်နိုင်ရပါမယ်။ 32 bit နဲ့ 64 bit System အဓိက ကွာခြားချက်ကတော့ CPU ဟာ Information တွေကို Handles လုပ်တဲ့နေရာမှာပဲ ဖြစ်ပါတယ်။ 64 bit မှာဆိုရင် RAM ပမာဏ အများအပြားကို Handles လုပ်နိုင်လို့ 32 bit ထက်ပိုပြီး စွမ်းဆောင်နိုင်ပါတယ်။32 bit system မှာတော့ RAM ကို 4 GB အထိသာ Support လုပ်ပါတယ်။ ဒါကြောင့် Program တွေ အများအပြားကို တပြိုင်နက်အသုံးပြုတဲ့အခါ ပိုသိသာပါတယ်။ အခုပြထားတဲ့ System Requirement တွေက Minimum ဖြစ်တာကြောင့် 64 bit System ကိုသုံးရင် အခုပြထားတဲ့ Requirement ပမာဏထက်များမှသာ ပိုပြီးသုံးလို့ အဆင်ပြေမှာပါ။


            Windows 7 ကို Install လုပ်တဲ့အခါ Windows 7 ရဲ့ Installer ဟာ DVD ဖြစ်တာကြောင့် DVD Drive လည်း ရှိရပါမယ်။ Windows 7 ကို Install လုပ်ရင် Upgrade နဲ့ Clean Install (or) Custom Install ဆိုပြီး နှစ်မျိုးရှိပါတယ်။ Upgrade ကိုတော့ Windows Vista (SP1, SP2) မှသာ ပြုလုပ်လို့ရနိုင်ပါတယ်။ Windows Edition တစ်ခုကနေ သူ့ထက်မြင့်တဲ့ Edition တစ်ခုကိုလည်း Upgrade လုပ်လို့ရပါတယ်။ ဒါပေမယ့် Vista ကပဲဖြစ်ဖြစ်၊ Windows 7 Edition အချင်းချင်းပဲဖြစ်ဖြစ် Upgrade လုပ်တဲ့အခါမှာ သူက သက်မှတ်ချက်တွေရှိပါတယ်။ ဥပမာ Vista Home Basic ကနေ Windows 7 Professional ကို Upgrade လုပ်လို့မရသလို၊ Vista Professional Edition ကနေ Windows 7 Professional Edition ကို Upgrade လုပ်လို့မရပါဘူး။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့