Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 6 June 2012

အကြင်နာမျက်ဝန်းပိုင်ရှင်

ကန္တာရ ခရီးကြမ်း
လမ်းကြမ်းကြမ်းမှာ
လျှောက်နေမိတဲ့....ငါ

မောပန်းနွမ်းနယ်..
ပူလောင်မှုတွေနဲ့ 
ခံစားနေရတဲ့ ....ငါ

ရှေ့ ကိုကြည့်မျှော်
ကူမဲ့ သူမရှိ
ယောင်ချာချာဖြစ်နေမိတဲ့ ..ငါ.

အတွေးတွေတလည်လည်
အားပေးမဲ့သူမရှိ
တွေဝေနေမိတဲ့ .....ငါ

အားအင်ချိနဲ့ 
မောပန်းမှုတွေနဲ့ 
ရှေ့ ဆက်လျှောက်နေမိတဲ့ .ငါ

မထင်မှတ်ချိန် 
အကြင်နာမျက်ဝန်းပိုင်ရှင်..
ကမ်းလက်အစုံကြောင့်..
ငါ့ ဘ၀ရဲ့ မောပန်းမှုတွေ ပြေရပြီ..

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့