ဒဏ်ရာဆိုတာ..တစ်စုံတစ်ခုသောအရာနဲ့ ထိခိုက်မှုကြောင့် နာကျင်စွာနဲ့  ထွက်ပေါ်လာတဲ့ အရာ....ပြင်ပဒဏ်ရာတွေကို အခြားသူတွေ
မြင်တွေ့ နိုင်ပေမဲ့ ...နှလုံးသားက ထွက်ပေါ်လာတဲ့ ဒဏ်ရာကို ဘယ်သူက မမြင်နိုင်သလို ကိုယ်ချင်းလည်း စာနိုင်ကြမှာမဟုတ်နိုင်ဘူး
လေ...ငါ့ ရဲ့ ဘ၀ မှာ ပတ်သက်ခဲ့ဘူးတဲ့  တစ်စုံတစ်ယောက်သော သူကြောင့်...အဲ ဒီတစ်ယောက်ကြောင့်..အခြားတစ်ယောက်ဆီက
ရက်စက်ရိုင်းစိုင်းတဲ့ စကားတွေနဲ့  ငါ့ကို ပြောဆိုမှုကို ခံလိုက်ရတယ်.င့ါ ရဲ့ မိဘကတောင် င့ါ အပေါ်မပြောမဆိုဘူးတဲ့  အသုံးအနှန်းတွေနဲ့ 
ငါ့ ကိုပြောဆိုတာ ငါ ခံလိုက်ရတယ်....ဘာကြောင့် အဲလို ပြောရတယ်ဆိုတာကို သေချာမပြောပြပဲ ငါ..သက်သက်မဲ့ အပြောအဆိုခံလိုက်
ရတယ်....သူပြောလိုက်တာကတော့ ငါ နဲ့ ပတ်သက်တဲ့ သူကြောင့် င့ါကို ပြောတာတဲ့ ...ငါ တော်တော်ခံစားလိုက်ရတယ်...
ငါ တညလုံး အကြီးအကျယ် ငိုကြွေးခဲ့ရတယ်....အဲဒါကို ငါနဲ့  ပတ်သက်တဲ့ သူ. သူကိုယ်တိုင်ကြားရတယ်..သိတယ်....ငါ..စိတ်တိုပြီး
ပြောပစ်ချင်လိုက်တယ်...အဲဒီအချိန်မှာ ငါနဲ့ ပတ်သက်တဲ့ သူက င့ါအတွက် ဘာမှမလုပ်ပေးနိုင်ဘူး...ငါ့ဖက်ကလည်း မရပ်တည်နိုင်ဘူး..
ဒီတော့ ငါကိုယ်တိုင်ပဲ ဖြေရှင်းလိုက်တယ်...င့ါ ကိုလာပြောတဲ့ သူကို ငါပြန်ပြောလိုက်တယ်.ဘာအကြောင်းအရာကြောင့်လဲ ဆိုတာ
မသိပဲနဲ့  ငါ့ကို ပြောဆိုခဲ့တဲ့ စကားတွေအတွက် ခွင့်လွတ်တယ်...ပြောခဲ့ တဲ့ စကားတွေအတွက် ငါမေ့ လိုက်သလို ...အဲဒီလူကိုလည်း
င့ါခေါင်းထဲက ထုပ်ပစ်လိုက်ပြီလို့ ပြောလိုက်တယ်...ငါနဲ့ ပတ်သက်တဲ့ သူနဲ့ လည်း ဆက်ပြီး ပတ်သက်နေရင် ငါ ဒီထက်ပိုပြီး အရှက်ကွဲ
မယ်...အပြောအဆိုခံရမယ်....ဒီတော့ ငါ ဘာလုပ်သင့်သလဲ ? သူနဲ့ ထပ်မပတ်သက်တာ င့ါ အတွက်အကောင်းဆုံးပဲလေ...အဲဒီ
အတွက် င့ါကို ရက်စက်တဲ့ သူလို့ ခေါ်ချင်သလား...ခေါ်လို့ ရတယ်....ငါက တော့ သူတို့ လို ပြန်ပြီးမရိုင်းစိုင်းတတ်ပါဘူး....
ရိုင်းစိုင်းတဲ့  စကားနဲ့ ပြောဆိုမှ အနိုင်ရမယ်လို့ ထင်ရင်တော့လည်း အဲလို အနိုင်ရမှုမျိုးကို ငါမလိုချင်ဘူး....ငါ့ ရဲ့ ရှေ့ ဆက်ရမဲ့ 
ဘ၀ရဲ့ အနဂတ်ခရီးအတွက် ငါကိုယ်တိုင် ဆုံးဖြတ်ချက်ချလိုက်ပြီလေ...အတိတ်ကဒဏ်ရာတွေကို ငါမေ့ လိုက်ပြီ..ငါ့ နလုံးသား
ဒဏ်ရာက နေကျန်ခဲ့ တဲ့  အမာရွတ်လေးနဲ့ အတူ...င့ါ ရဲ့ အနာဂတ်ခရီးကို ပျော်နိုင်အောင်ကြိုးစားရင်းငါလျှောက်လှမ်းမယ်..
ငါ ကိုပြောချင်တဲ့ သူ င့ါကို ပြောပါစေ.. ငါ့ ရဲ့ အခြေအနေအားလုံးကို ငါ...ကိုယ်တိုင်ရယ်..ငါ့ ကို တန်ဖိုးထားပြီးချစ်တဲ့  ငါ့ ရဲ့
ဘုရားသခင်ရယ်ပဲသိတယ်....တခြားသူတွေက ဒီထက်ပိုမသိနိုင်ပါဘူး....ငါ့ ရဲ့ နှလုံးသားဒဏ်ရာကိုလည်း...ငါ့ရဲ့ ဘုရားသခင်က
ပဲကုသပေးမှာပါ.....ထိုးနှက်မှု အမျိုးမျိုးနဲ့ ရခဲ့တဲ့  ဒဏ်ရာလေးပေါ့....
No comments:
Post a Comment