
စကားလုံးကတော့ ခပ်သေးသေးနှစ်လုံးပါပဲ
ဒါပေမယ့် သူ့ ကိုလူတော်တော်များများက အရေးတယူသိပ်ရှိကြတယ်
သူ့ ရဲ့ သက်ရောက်မှုကလဲ တခါတခါ ကြောက်စရာအင်မတန်ကောင်းတာမျိုးကိုး…
“အချစ်”
စကားလုံးကတော့ ခပ်သေးသေးနှစ်လုံးပါပဲ
သူ့ ကိုနှစ်သက်သူရှိတယ် မုန်းတီးသူရှိတယ်
ဒါပေမယ့်ဘယ်သူမှ သူ့ လက်ကလွတ်အောင် ရှောင်ပုန်းလို့ မရနိုင်ပြန်ဘူး..
သူနဲ့ ပတ်သက်မယ်ဆိုရင်တော့ စစ်မှန်ဖြူစင်ဖို့  သိပ်လိုအပ်တယ်…
“နောင်တ”
စကားလုံးကတော့ ခပ်သေးသေးနှစ်လုံးပါပဲ
သူ့ ကိုလူတော်တော်များများက အမြဲ မဆိုင်သလိုပဲနေလေ့ရှိကြတယ်..
ဒါပေမယ့် မာနက အချစ်ထက်အရှိန်အဟုန်ကြီးမားသွားခဲ့တဲ့အခါမျိုးတွေမှာတော့ ဒီစကားလုံးနှစ်လုံးဟာ လူတော်တော်များများရဲ့ ရင်ထဲမှာ အချိန်တွေအကြာကြီး အင်အားကြီးမားစွာနဲ့ တိတ်တိတ်လေး အနိုင်ယူထားလေ့ရှိတတ်ပြန်တယ်လေ..

No comments:
Post a Comment