ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် (ပဲခူး ) အားမြန်မာနိုင်ငံ၏ အကြီးဆုံးလေဆိပ်အဖြစ် ပြည်တွင်းပြည်ပ
ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်တည်ဆောက်သွားမည်ဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
လာမည့်နှစ်များ၌ ခရီးသည်ဝင်ရောက်မှုမှာရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတည်းဖြင့်
လုံလောက်မှု မရှိနိုင်ခြင်းကြောင့် အဆိုပါလေဆိပ်ကို တည်ဆောက်ရခြင်းဖြစ်သည်။
လေဆိပ်တည်ဆောက်မှုကို ၂၀၁၃ ခုနှစ်ဇူလိုင်လတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ အပြီးတည်ဆောက်သွားမည်သည်။
ဟံသာဝတီလေဆိပ် ဆောက်လုပ်ပြီးစီးလျှင်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ယခင်အတိုင်း ဆက်လက်လည်ပတ်သွားမည်ဖြစ်ကြောင်းလေကြောင်းညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးတင်နိုင်ထွန်းက ပြောသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်း ကို ၁၉၉၀ ခုနှစ်မှ စတင်ရေးဆွဲခဲ့ပြီး ၁၉၉၄ ခုနှစ်တွင်
စီမံကိန်းစတင်နိုင်ခဲ့ပေမယ့် ၂၀၀၃ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဟံသာဝတီလေဆိပ်ပြန်လည်စတင်မည့် သတင်းကြောင့် ပဲခူးမြို့သစ်မြေဈေးထိုးတက်
ဟံသာဝတီ လေဆိပ်ပြန်လည်စတင်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့သစ်ရှိ မြေကွက်များမှာ (၂)နှစ်တာကာလအတွင်း ဈေးအဆမတန်ဈေးမြင့်တက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ရှိမည့် ဥဿမြို့သစ်ရပ်ကွက်အနီး မြေကွက်များမှာ ယခင် ကျပ် (၁၀) သိန်းတန် မြေကွက်သည် ယခု ကျပ် သိန်း (၁၈၀) မှ သိန်း (၂၀၀) ခန့် ဈေးထိုးတက်နေခြင်း ဖြစ်သည်။
“အခုတော့ လေဆိပ်ပြန် လုပ်မယ်လည်းကြားတော့ မြေကွက်တွေ ဈေးတက်ပြီး အရောင်းအ၀ယ်ဖြစ်နေတယ်။ တချို့နေရာကောင်း တဲ့အကွက်ဆိုရင် (၂၅၀)လောက်ထိ ဈေးပေးတယ်။” ဟု အဆိုပါဒေသရှိ မြေကွက် အကျိုးဆောင် လုပ်ကိုင်နေသူ ကိုစန်းဝင်း က ပြောသည်။
ဟံသာဝတီလေဆိပ် စီမံကိန်းကို လွန်ခဲ့သာ (၁၉) နှစ်ခန့်မှ စတင် ဆောင်ရွက်ခဲ့ပြီး မြေပြင်မာကျောမှု မရှိသည့် ပြဿနာကြောင့် စီမံကိန်း ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ကာ ယခု ပြန်လည် အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်သည်။
ထိုသို့ လေဆိပ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေသဖြင့် ဥဿမြို့သစ်ရှိ (၁၉) ရပ်ကွက်နှင့် (၁၇) ရပ်ကွက် မြေကွက်များသည် ယခင်နှစ်ထက် ဈေးနှုန်း ဆယ်ဆခန့် မြင့်တက်လာခြင်းဖြစ်သည်။
၎င်းမြေကွက်များမှာ ပေ ၄၀x ပေ ၆၀ အကျယ်အဝန်းတွင် သိန်း ၁၅၀ မှ သိန်း ၂၀၀ ကြားတွင် အရောင်း အ၀ယ်ဖြစ်ပြီး နှစ်ကွက်တွဲ မြေကွက်များမှာ သိန်း ၅၀၀ ၀န်းကျင်ခန့် အများဆုံး ရောင်းဝယ်ကြကြောင်း သိရှိရသည်။
“စီးပွားရေးလုပ်ငန်းရှင်တွေကတော့ အကွက်မြင်တယ်ဗျ။ ရန်ကုန်ကနေလာကြတဲ့ ပွဲစားတွေ တစ်နေ့ကို ဆယ်ယောက်၊ အယောက်နှစ်ဆယ်လောက်လာကြတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
မြေကွက်များဈေးနှုန်းမြင့်တက်လာမှုကြောင့် ငွေကြေးတက်နိုင်သူများကမူ အရောင်းအဝယ်လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ကြပြီး အမှန်တကယ်နေထိုင်မည့်သူများမှ ဝယ်ယူမှုမရှိသလောက်နည်းပါးနေကြောင်း အဆိုပါမြို့သစ်နေ မနန်းစောမြင့်က ပြောသည်။
“အခုက လေဆိပ်ပြန်လုပ်မယ်ဆိုတဲ့ သတင်းကြောင့်မြေကွက်တွေဈေးတက်လာတာပါ။ နောက်ပိုင်းလည်း ဆက်တက်လာမယ်လို့ထင်တယ်။ တခြားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ကတော့ ဒေသခံတွေ ၀င်ရောက်လုပ်ကိုင်နိုင်ဖို့ထက် စီမံကိန်းနဲ့အတူပါလာမယ့် စီးပွားရေးလုပ်ငန်းရှင်တွေကပဲ နေရာယူလာမယ်လို့ထင်တယ်ဗျ။” ဟု ပဲခူးတိုင်း ဇာတိ ကိုသက်မင်းထွန်းမှလည်း အိမ်ခြံမြေဈေးသည် ထပ်မံဈေးတက်နိုင်ကြောင်း သုံးသပ်ခဲ့သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းကို ၁၉၉၃ ခုနှစ် မှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော် လလည်း ၁၉၉၄ ခုနှစ်တွင် မြေပြင်တင်းမာမှုမရှိသောပြဿနာကြောင့် (၁) နှစ်ကျော်အကြာတွင် စီမံကိန်း ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။
ဇူလိုင် (၁) ရက်နေ့မှ စပြီး ၎င်း ဟံသာဝတီလေဆိပ် တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်အကောင် အထည်ဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ပြည်တွင်း၊ ပြည်ပမှ ကုမ္ပဏီများက အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Monday, 2 July 2012
မြန်မာနိုင်ငံ၏ အကြီးဆုံးလေဆိပ် ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်တည်ဆောက်သွားမည်
အမျိုး အမည်..များ
ပြည်တွင်းသတင်းများ,
သတင်းများ..
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
July
(359)
- မီးလောင်မှုကို သိရှိနိုင်မည့် CCTV ကင်မရာများအား ယခ...
- ရွှေတိဂုံ စေတီတော်ရှိ စဥ့်ကူးမင်း ခေါင်းလောင်းအား သ...
- ရန်ကုန်မြို့တွင်းရှိ စက်ရုံသုံး မီတာများကို Analog...
- ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအား အဆင့် ၄...
- အရုပ်များ ပြုပြင်ပြောင်းလဲရန် ရေခဲကမ္ဘာဥယျာဉ်အား ခေ...
- အဝေးပြေး ယာဉ်လုပ်သားများ အတွက် အခမဲ့ ကျန်းမာရေး စေ...
- » မြစ်ဆုံစီမံကိန်းသို့ လာရောက်လေ့လာရန် CPI ၏ ဖိတ်ေ...
- ၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမ...
- ရခိုင်ဒေသ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရန် တောင်းဆိုခြင်း ...
- မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီ...
- ဦးအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရ...
- ဓာတ်ဆီဆိုင်အား ပြောင်းရွှေ့ပေးရန် သာစည်မြို့မှ ပြည်...
- လာမည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားသို့ သွ...
- ရဟန်း ဒါယိကာမကြီး ဒေါ်အောင်ဆန်းစုကြည် ၏ မင်္ဂလာ ရဟန်းခံ
- ၂၀၁၃ ခုနှစ်မှာ အကြွေးကဒ်တွေ စတင်သုံးစွဲနိုင်မည်
- ပြည်တွင်း မိုဘိုင်း ဈေးကွက် အတွင်းသို့ ပြည်ပဖုန်း ...
- နေပြည်တော် တွင် ပထမဆုံး မော်တော်ယာဉ်ပေါ် ခါးပိုက်နှု...
- ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် လက်ထောက်ကထိကဆရာမတစ်...
- ပေါက်တောမြို့နယ်ရှိ ကျွန်းစုများတွင် (န.စ.က) စခန်း...
- Speccy
- RegCure — Registry Cleaner
- ဟင်္ဟာတမြို့မှ မြေတိုင်းစာရေးများ၏ လှည့်ဖြားသောစေတနာ...
- မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ် ပြုပြင် ပြောင်းလဲနိုင...
- အီတာလျှံ-ထိုင်း ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြေ...
- အစိုးရတပ်များ တိုးချဲ့ရန် အထက်ညွှန်ကြားချက် ထွက်လာေ...
- လျှပ်စစ်လုပ်သား ကျွမ်းကျင်မှုပြိုင်ပွဲ ဒုတိယအကြိမ် ...
- အအေးခန်း စက်ရုံများတွင် CMP စနစ်ကို သြဂုတ်လကုန်အထိ...
- မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် IMF မှ အထွေထွေအကြံပေ...
- ဆီးဂိမ်းပြိုင်ပွဲတွင် ငွေဆောင်ကမ်းခြေ၌ ရွက်လှေစီြး...
- စင်္ကာပူဒေါ်လာ တစ်သောင်း တန်ဘိုးရှိ ပညာသင် ထောက်ပံ့ြေ...
- မြန်မာ-ဗီယက်နမ် စီးပွားရေးတွေ့ဆုံမှုတွင် စားသောက်ကု...
- အမှိုက်စိုများမှ သဘာဝဓါတ်ငွေ့ထုတ်လုပ်ရန် ကမ်းလှမ်းမ...
- ဆီရောင်းချ၍ မြန်မာ့မီးရထားမှ အရာရှိအပါအ၀င်ဝန်ထမ်း(...
- » ဒီမို ၁၀ ပါတီ သဘောထားကြေညာချက် ရခိုင်ပါတီလက်မခံ ...
- ဒေါ်အောင်ဆန်းစုကြည် ဥတ္တရသီရိ မြို့နယ် ဒေသခံများ အား...
- ချင်းတွင်းမြစ်အတွင်း ရေယာဉ်သွားလာမှု ဇူလိုင် ၂၈ ရက်...
- ဦးအောင်သိန်းလင်း ကို ကြံ့ဖွံ့ ပါတီ စစ်ဆေးနေ
- သံသယ ဖြစ်ဖွယ်ရာ လူသေ အလောင်း ဆေးမစစ်ဘဲ သဂြိုလ်
- လယ်သမားနဲ့ စစ်တပ်ပြဿနာ ဝန်ကြီး သွားရောက်ဖျန်ဖြေ
- Game သမားများအတွက် IAPFree v2.1.0 ကို install လု...
- ကော့သောင်း ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ လည်ပ...
- IAPFree v2.1.0 for (iPhone/ipad/ipod touch)(Cydia ...
- WhatsApp Messenger “.ipa“ For iPhone, iPad & iPod ...
- တစ်ပတ်စာ သင်၏ကံဇာတာ (ဇူလိုင်လ၂၇ ရက်) မှ (ဩဂုတ်လ ၂ ...
- မျှော်လင့်ချက်
- ♪♥♪ မောင်♪♥♪
- GSMဖုန်းများ ကျပ်တစ်သိန်း ဝန်းကျင်ဖြင့်လာမည့်နှစ်ဦ...
- ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များအား ထိုင်း...
- ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက် Theme S...
- မြန်မာ့သဘင် တိုးတက် ထွန်းကားရေး အတွက် အလုပ်ရုံ ဆွေ...
- ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် မြန်မာနိုင်ငံ ရေကြောင်းပည...
- အနာဂတ် ရုပ်ရှင် ထုတ်လုပ်မှု လုပ်ငန်း အကြောင်း ဆွေးေ...
- » မြစ်ဆုံဆည် တရုတ်နဲ့ ပေါင်းပြီ ဖြစ်အောင် တည်ဆောက...
- ဂွမြို့အနီးစက်လှေပျက်မြောလာသော ဘင်္ဂါလီများကို ထောင်...
- တိုင်းရင်းသားအခွင့်အရေး ကာကွယ်မည့် အဆိုကို ဒေါ်စုေ...
- “ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး” သူရဦးရွှေမန်း သတိပေး
- လူကြားထဲမယ်ယုံကြည်မှုရှိစွာဖြင့် စကားပြောနိုင်ရန်
- အိပ်မက်လမ်း
- ချစ်သူဘ၀နှင့် အိမ်ထောင်သည်ဘဝ
- မြန်မာစာပေမှ မင်းကျင့်တရား ၁၀ ပါး
- Browser အသစ်
- ရန်ကုန်တိုင်း ဒေသကြီး၏ မိုးပွင့်အဆင့် ၃ စီမံချက်အရ...
- ပြည်ပတွင် သွားရောက် အလုပ် လုပ်ကိုင်မည့် သူများမှာ ...
- အနော်ရထာ စက်မှုဇုန် အပိုင်း ၂ စီမံကိန်း လုပ်ငန်း ဆေ...
- ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ၃ လတာ ကာလအတွင်း ပြည်တွင်း၌ တရုတ်...
- ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် သရုပ်ဆောင် အမည်စာရင်း...
- ထွန်တုံးတိုက်ပွဲတွင် အသေခံဆန္ဒပြနေ
- NLD အဖွဲ့ဝင်တစ်ဦးအား ပြည်ခိုင်ဖြိုး ပါတီဝင်များမှ ...
- ရခိုင်ပြည်နယ်တွင်းပဋိပက္ခများကြောင့့် လူ(၇၀)ကျော်ေ...
- အသားထွက် ကုန်များအား တရုတ်က ငြင်းဆို ပြီးနောက် မွေ...
- » မြ၀တီမြို့လယ် အင်ပါယာ ရွှေဆိုင်အား လုယက်ခဲ့သူဟု ယ...
- မြစ်ဆုံနှင့်ပတ်သက်၍ တရုတ် အင်ဂျင်နီယာ အဖွဲ့ ပြောဆု...
- မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း အိမ်ထော...
- AIDS ရောဂါအပေါ် အမြင်မှန်ဖို့ ဒေါ်စုတိုက်တွန်း
- » ပွဲစားအလိမ်ခံ မြန်မာအလုပ်သမား ၃၅ ဦးတို့ ရှေ့ဆက်ရ...
- မြောက်ဦးမြို့တွင် စစ်တပ်မှ ညှဉ်းပမ်း နှိပ်စက်မူကြေ...
- မလေးရှားတွင် ရခိုင် အမျိုးသား နှစ်ဦး အသတ်ခံရ
- လပွတ္တာမြို့မှာ တောင်သူလယ်သမားတွေ ဆန္ဒပြ
- မြန်မာအလုပ်သမား ၂ ဦး ထိုင်းမှာ သတ်ဖြတ်ခံရ
- အာဏာပိုင်များရဲ့ အဂတိဖော်ထုတ်သူ အသတ်ခံရ
- လိင်မှူကိစ္စမပါပဲ...ချစ်ခြင်းကို ပြနိုင်သောနည်းလမ်း...
- `စေလိုရာစေ......´´တဲ့
- ~~ဘယ်လို ဆန္ဒ ဖော်ထုတ်မှာလဲ အချစ်ရယ်~~
- ဘယ်သွားမလဲ (ဟာသလေးနော်
- အချစ်ဆိုတာ
- How To Jailbreak The IPhone 4S And IPad 2 With Abs...
- ရေအောက် ဖိုင်ဘာဆက်ကြောင်းသစ် ချိတ်ဆက်ရေး ဘင်္ဂလားဒေ့...
- အတွေးစာစုများ...
- ရန်ကုန်မြို့တွင်းရှိ ခရီးသည်တင်ယာဉ် အစီးရေ ၄၃၀ကျော...
- အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းမှ ပြည်ပခရီးစဉ်မျ...
- ထိုင်းနိုင်ငံသို့ လုပ်သားများ တရားဝင် လမ်းကြောင်း ...
- ရခိုင်ပြည်တွင် အကြမ်းဖက်ပြီး တိမ်းရှောင်သွားသူ ၁၅၆...
- အစိုးရအဖွဲ့ ဝင်များ၏ အကျိုးစီးပွါးဖော်ထုတ်ဖို့ ဦး...
- ဒေါ်အောင်ဆန်းစုကြည် ၏ ယနေ့ လွှတ်တော်တွင်း ဆွေးနွေးမှု...
- အထွတ်အမြတ်ထားရာနှင့် လျှပ်ပေါ်လော်လည် အတွဲအဖက်များ
- တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ဒေါ်အောင်ဆန်း ...
- တရုတ်သတင်းစာ ဘာသာပြန်လွဲမှား၊ မြစ်ဆုံသဘောထား ပြည်သ...
- » မြို့ပြ၏အဆင်မပြေမှု အန်မတုနိုင်၍ ကြိုးဆွဲချအဆုံးစ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်အမတ်တွေ ဆွေးနွေး
- ထားဝယ်ဆိပ်ကမ်းစီမံကိန်းတွင် ဒေသခံတို့၏ အခက်အခဲများ...
-
▼
July
(359)
No comments:
Post a Comment