Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 13 July 2012

ငယ်ကျွမ်းဆွေမို့ လွမ်းမပြေ

ငယ်ကျွမ်းဆွေမို့   လွမ်းမပြေ
ငယ်ကပေါင်းတော့   အနှစ်တစ်သောင်းမမေ့ကောင်း
ဆိုသလို
ငယ်ကချစ်တော့  အနှစ်တစ်ရာ
မမေ့သာပါဘူး
ငယ်ကျွမ်းရယ်။
သတင်းတစ်ခုကြားမိတယ်
နင်တော်တော်လေးပြောင်းလဲနေပြီဆို
ဝမ်းသာပါတယ်
လွမ်းလာခဲ့တဲ့  နေ့တွေက
ရေတွက်လို့  နိုင်မယ်မထင်ဘူး။
နင့်ဘဝအလွင့်တစ်လူလူနဲ့
လွင့်တက်နေပေမဲ့
ငါ့ဘဝကတော့အလံဖြူကိုသာပြထားတာပါ။
အရှုံးပေးထားပါတယ်
နှလုံးအေးမယ်ထင်ခဲ့မိတယ်
တကယ်တော့ငယ်ကျွမ်းရယ်
ငါ    နင့်ကိုလွမ်းနေမိတာတော့အမှန်ပါ။
ထားခဲ့ပါ    
နင်နေသာမယ်ဆိုရင်   
ငါကျေနပ်ပါတယ်။
ငယ်ကျွမ်း
နင့်ကိုငါ   အသည်းကျွမ်းအောင်ချစ်ခဲ့တာပါ
ရက်စက်ခြင်းတွေက
ငါ့အတွက်လက်ဆောင်ဆိုရင်
နောက်နောင်မှာ   နင်နဲ့မဆုံချင်တော့ဘူး။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကြိုးစားပါအုံးမည်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့