Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 2 July 2012

ဝေးကွာခြင်းခံစားချက်

ဝေးကြပြီဆိုတဲ့နောက်
အလွမ်းသင့်မှာကိုသိနှင့်ပါတယ်
မဆုံနိုင်တဲ့ အစွန်းနှစ်ဘက်မှာ 
သိပ်လည်းကြေကွဲမနေပါနဲ့ 
မြင်လျက်နဲ့ မကြင်ခဲ့ရတာ
ကံကြမ္မာကြောင့်ပဲ ဆိုပါတော့
အကြည့်တစ်ချက်နဲ့စခဲ့တဲ့ ဇာတ်လမ်း
ဇာတ်သိမ်းခန်းပျောက်နေပါရော့လား
ကြေလွင့်ခဲ့ရ ရော်ရွက်ဝါဘ၀မှာ
နောက်ထပ်တောင်းဆိုစရာ မရှိနိုင်ပါဘူး
ဝေးကွာခဲ့ရ ချစ်သူတို့ဘ၀ဟာလည်း
မမေးစမ်းနဲ့ ခံစားရသိပ်ခက်တယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့