Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 17 July 2012

မြေကွက် တစ်ရာကျော် ရောင်းချ ထားသည့် ကျောက်မျက်ရတနာဈေး တည်ဆောက်ရန် မြေနေရာ ချထားပေး


နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်၊ ရွှေကြာပင် ရပ်ကွက်မှာ တည်ဆောက်ဖို့ စီစဉ်လျက် ရှိတဲ့ ကျောက်မျက် ရတနာဈေး ဆောက်လုပ်မှု အတွက် ကျောက်မျက်
ရတနာ လုပ်ငန်းရှင် များကို မြေကွက်များ ရောင်းချ လျက်ရှိရာ မြေကွက် တစ်ရာကျော် ရောင်းချထားပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို ရောင်းချ ပေးတဲ့ မြေကွက် တွေမှာ ကျောက်မျက် ရတနာဈေး ဆိုင်ခန်းများ ဆောက်လုပ် နေပြီး ဈေးဆိုင် အဆောက်အဦး များကို ပုံစံတူ ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။

ကျောက်မျက် ရတနာဈေး ဆောက်လုပ်မယ့် မြေနေရာမှာ မြေကွက် စုစုပေါင်း ၁၂၂ ကွက်ရှိပြီး မြေကွက် တစ်ကွက်ကို တစ်ဧကနှုန်း သတ်မှတ် ထားတာ ဖြစ်ပါတယ်။ ဈေးနှုန်း ကတော့ တစ်ကွက်ကို အမေရိကန် ဒေါ်လာ ၂.၆၃ သိန်း သတ်မှတ်ပြီး ပြည်တွင်း ကျောက်မျက် ရတနာ လုပ်ငန်းရှင် တွေကို ရောင်းချပေးတာ ဖြစ်ပါတယ်။ အဲ့ဒီ ကျောက်မျက် ရတနာ ဈေးကို အခုလက်ရှိမှာ အဆောက်အဦး အောက်ခံ ဖောင်ဒေးရှင်းကို စတင် အကောင်အထည် ဖော်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ပြည်တွင်းမှာ ကျောက်မျက် ရတနာဈေး တည်ဆောက် ရတာဟာ မြန်မာ့ ကျောက်မျက် ရတနာများကို တန်ဖိုးမြှင့် အချောထည်များ၊ လက်ဝတ် ရတနာများ ပြုလုပ်ပြီး နိုင်ငံတကာကို တင်ပို့ ရောင်းချ နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် အခု တည်ဆောက် လျက်ရှိတဲ့ ကျောက်မျက် ရတနာ ဈေးမှာ ပြည်တွင်းက လုပ်ငန်းရှင်များ သာမက ပြည်ပမှ ကျောက်မျက် ရတနာ လုပ်ငန်းရှင် များပါ ပူးပေါင်း ဆောင်ရွက် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့