Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 23 July 2012

နင်သာသိနိုင်ခဲ့ရင်.......

ပဟေဠိတွေနဲ့ ဆွဲဆောင်
ပုံပြင်တွေနဲ့ သိမ်းပိုက်
ငါ့နှလုံးသားတစ်ခုလုံးလဲ
မင်းလှည့်ကွက်တိုင်းမှာ ပျော်ခဲ့တယ်

မေ့မရတဲ့ အတိတ်ကို တွေး
လွမ်းရခြင်းတွေနဲ့ အိပ်စက်
ငါ့အိပ်မက်မြစ်မှာ 
နင့်အပြုံးတွေ စီးမျောခဲ့တယ်

ရင်ခုန်သံတွေနဲ့ တည်ဆောက်
သစ္စာတရားတွေနဲ့ ကာရံတဲ့ 
ငါ့ ရင်ခွင်နန်းတော်မှာ 
နင်ပျော်သလောက်စံမြန်းပါ သခင်.....

လွမ်းတယ် ချစ်သူ
ဗလာနတ္ထိ ငါ့ဘဝမှာ
လွမ်းဆွတ်တမ်းတခြင်းတွေ 
ရင်နှင့်မဆံ့အောင် ရှိနေခဲ့တယ်ဆိုတာ
နင်သာသိနိုင်ခဲ့ရင်..............................

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့