တစ်နှစ်ရဲ့ တန်ဖိုးကိုသိချင်ရင်
စာမေးပွဲကျတဲ့ ကျောင်းသားကိုမေးကြည့်ပါ။
- တစ်လရဲ့ တန်ဖိုးကိုသိချင်ရင်
လမစေ့ပဲ ကလေးမွေးတဲ့ မိခင်ကိုမေးကြည့်ပါ။
- တစ်ပါတ်ရဲ့ တန်ဖိုးကိုသိချင်ရင်
အပါတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာကိုမေးကြည့်ပါ။
- တစ်နေ့ရဲ့ တန်ဖိုးကိုသချင်ရင်
ကလေး၆ယောက်ကို ကျွေးမွေးနေရတဲ့ နေ့စားအလုပ်သမားကိုမေးကြည့်ပါ။
- တစ်နာရီရဲ့ တန်ဖိုးကိုသိချင်ရင်
ဆုံဆည်းခွင့်ကို စောင့်နေကြတဲ့ ချစ်သူတွေကိုမေးကြည့်ပါ။
- တစ်မိနစ်ရဲ့ တန်ဖိုးကိုသိချင်ရင်
ရထားမမီလိုက်တဲ့ ခရီးသည်ကိုမေးကြည့်ပါ။
- တစ်စက္ကန့်ရဲ့ တန်ဖိုးကိုသချင်ရင်
ယာဉ်တိုက်မှုနဲ့ လွဲသွားတဲ့ ဒရိုင်ဘာကိုမေးကြည့်ပါ။
- တစ်မီလီစက္ကန့်ရဲ့ တန်ဖိုးကိုသိချင်ရင်
အိုလံပစ်ငွေတံဆိပ် ဆုရှင်ကိုမေးကြည့်ပါ။
No comments:
Post a Comment