Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 July 2012

တစ်ပတ်စာ သင်၏ကံဇာတာ

တစ်ပတ်စာ သင်၏ကံဇာတာ

၂၀၁၂ ဇူလိုင်လ ၂၀ ရက်မှ ၂၆ ရက်အထိ


 
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
 
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း။
 
ဖုန်း - ၅၆၄၁၀၆
 
 
 
 

မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ -


ပြောရေးဆိုခွင့် ပိုမိုရရှိလာမည်။ ကုန်ပစ္စည်းများ သင့်တင့်မျှတသက်သာသော ဈေးဖြင့် ရရှိမည်။ ပညာရေးဝန်ဆောင်
 
မှု လုပ်ငန်းများ၌ ထပ်မံရင်းနှီးမြှုပ်နှံရလိမ့်မည်။ ရေလမ်းကုန်သွယ်မှု အဆင်ပြေနိုင်သည်။ နိုင်ငံရပ်ခြားခရီးကောင်းများ
 
ဆက်လက်အကျိုးပေးနေမည်။

ယတြာ - မွေးနံထောင့်၌ ရောင်စုံနှင်းဆီများ ကပ်လှူပါ။
 
 
 
 

ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ -


ပရဟိတလုပ်ငန်းများ၊ သံတမန် ရေးရာကိစ္စများ၊ ပါတီလုပ်ငန်းစဉ်များ၌ မိမိ၏ ဆောင်ရွက်ချက်များကြောင့် အောင်မြင်
 
မှု ပိုရရှိလာမည်။ ငွေကြေးကိစ္စများ အဆင်ပြေအောင် ဆောင်ရွက်နိုင်မည်။ လစာကောင်း၍ အာမခံချက်ရှိသော အလုပ်
 
များ ပေါ်ပေါက်လာပြီး မိမိအတွက် ကံကောင်းနိုင်သည်။ မိတ်ကောင်းဆွေကောင်း တိုးပွားမည်။ ၂၄ ရက်၊ ၂၅ ရက်တို့၌
 
ရေလမ်းခရီးမသွားသင့် သေး။ ယာယီပေါ်ပင်အလုပ်များ အရှုံးပေါ်တတ်သည်။

ယတြာ - ဗုဒ္ဓဟူးထောင့်၌ ရောင်စုံဖယောင်းတိုင်များ ပူဇော်ပါ။
 
 
 
 
 

မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ -


အကြံအစည်ကောင်းများ အကောင်အထည်ဖော်ရန် ရင်းနှီးမြှုပ်နှံမှု စတင်ရတတ်သည်။ စာချုပ်စာတမ်း ကတိက၀တ်
 
ပြုမှုများ အောင်မြင်မှုရမည်။ ညီအစ်ကိုသားချင်းများနှင့် ဆက်စပ်၍ စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်းကောင်းများ
 
ပေါ်ပေါက် တတ်သည်။ နစ်နာဆုံးရှုံးမှုဘေးမှ ကင်းဝေးလိမ့်မည်။ အလုပ်အကိုင်ဟောင်းများပြန်လည်အကျိုးပေးနိုင်၏။

ယတြာ - သစ်သီးဆွမ်းကပ်လှူပေးပါ။
 
 
 
 
 

ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ -


ကံကောင်းသည့် နေ့ရက် များဖြစ်လိမ့်မည်။ ဂုဏ်သိက္ခာနှင့် ဩဇာတိက္ကမ တိုးတက်ကြီးပွားမည်။ အရေးပါသည့် ကိစ္စရပ်
 
တို့၌ ဦးစီးဦးဆောင်ပြုရတတ်သည်။ ၂၁ ရက်နှင့် ၂၅ ရက်နေ့တို့သည် အထူးကံပွင့်လန်း နေ၍ အရေးပါသည့် ကိစ္စများ
 
ဦးစားပေး ဆောင်ရွက်သင့်၏။ မည်သည့်အရောင်းအ၀ယ်ကိစ္စ၌ မဆို အကျိုးအမြတ်နှင့် ရလဒ်ကောင်းများ
 
ပေါ်ထွက်နေမည်။ ယတြာ - ဆေးဝါးဓာတ်စာလှူဒါန်းပါ။
 
 
 
 
 

သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ -


အကြံအစည်သစ်များ အကောင်အထည်ဖော်ရန် အချိန်စောင့်ရလိမ့်ဦးမည်။ မိမိကိုယ်တိုင်လည်း လုပ်ငန်းသစ်
 
ဆောင်ရွက်ရန် မ၀ံ့မရဲဖြစ်တတ်ချိန်ဖြစ်သည်။ သို့ရာတွင် မည်သည့်အလုပ်မဆို အကျိုးပေး လိမ့်မည်။ ရာထူးလုပ်ပိုင်
 
ခွင့်နှင့် ခံစားခွင့်များ တိုးတက် ရရှိနိုင်သည်။ ဆေးဝါးနှင့် စားသောက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုအကျိုးပေး
 
လာနိုင်သည်။ အခက်အခဲနှင့် ရန်ဟူသမျှကို ပြေလည်အောင် ဆောင်ရွက်နိုင်လိမ့်မည်။

ယတြာ - တန်းဆွမ်းလောင်းလှူပေးပါ။
 
 
 
 
 
 

ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ -


၂၁ ရက်၊ ၂၅ ရက် တို့ အကျိုးပေးထက်သန်နေ၍ လုပ်ငန်းတိုးချဲ့ခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ကုန်ပစ္စည်းသစ် ထုတ်
 
လုပ်ခြင်း စသည်တို့ကို ဆောင်ရွက်သင့်၏။ ငွေကြေးဆိုင်ရာ အကူအညီအထောက်အပံ့ နှင့် လိုအင်ဆန္ဒများ ပြည့်ဝနိုင်
 
သည်။ မေတ္တာ ရှေ့ထား ဆောင်ရွက်တတ်သူတို့အဖို့ အများထက် ပိုမိုပျော်ရွှင်ချမ်းမြေ့ကံကောင်းနိုင်သည့် နေ့ရက်
 
များဖြစ်သည်။ ယတြာ - ရာဟုထောင့်၌ ရွှေဖယောင်းတိုင်များ ပူဇော်ပါ။
 
 
 
 
 

တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှအောက်တိုဘာ ၂၃ -


၂၁ ရက်၊ ၂၃ ရက်တို့တွင် အရေးကြီးသည့် လုပ်ငန်းကိစ္စများ ဦးစားပေးဆောင်ရွက်အောင်မြင်နိုင်သည်။ အလုပ်အကိုင်
 
အဆင်ပြေမည်။ ငွေအမြောက်အမြား ၀င်နိုင်ချိန်လည်းဖြစ်သည်။ ပရဟိတ လုပ်ငန်း၊ ဘာသာရေးလုပ်ငန်း စသည်တို့
 
အဆုံးသတ်နိုင်ခြင်းမရှိဘဲ ဆက်လက်တိုးချဲ့ ဆောင်ရွက်ရလိမ့်မည်။ အများအကျိုးဆောင် ကိုယ်အကျိုးအောင်မည့်
 
အချိန်လည်း ဖြစ်သည်။ ယတြာ - ဆန်၊ ဆီ စသည်တို့ လှူဒါန်းပါ။
 
 
 
 
 
 

ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ -


အထူးကံကောင်းသည့် နေ့ရက်များဖြစ်လိမ့်မည်။ ဖခင်ကြောင့် ဂုဏ်ယူဝမ်းမြောက်ရလိမ့်မည်။ လူကြီးသူမ ဆရာ မိဘ
 
နှင့် နတ်ကောင်းနတ်မြတ်များထံမှ ဆုလာဘ်ကောင်းများ ရရှိလိမ့်မည်။ အမှုအခင်း ကြုံတွေ့နေရသူများအဖို့ ပြီးပြတ်
 
အောင်မြင် စိတ်ချမ်းမြေ့ရတော့မည်။ မြင့်မားသည့် ရာထူးရာခံများ ရရှိရန် ကြိုးစားအားထုတ်ရာ၌ ခရီးရောက်မည်။
 
လာဘ်ပွင့်စန်းပွင့်နေမည့် ကာလ ဖြစ်သည်။  ယတြာ - မွေးနံထောင့်၌ ရွှေရောင်ပန်းအိုးဖြင့် ပန်းအမျိုးမျိုး ကပ်လှူပါ။
 
 
 
 
 
 

ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှဒီဇင်ဘာ ၂၂ -


အခက်အခဲနှင့် ရန်တို့ကို အောင်မြင်စွာ ကျော်လွှားနိုင်လိမ့်မည်။ မိမိကျွမ်းကျင်သည့် အလုပ်၌ တိကျ ပြတ်သားစွာ
 
ဆောင်ရွက် တတ်မှုကြောင့် အောင်မြင်မှု ထူးထူးခြားခြားရနိုင်၏။ ၂၃ ရက်နေ့၌ ဘာသာရေး ကိစ္စများ၊ ကုသိုလ်ရေး
 
ကိစ္စများ ဦးစားပေး ဆောင်ရွက်သင့်၏။ အထက်လုပ်ငန်းရှင် အကြီးအကဲတို့နှင့် အဆင်မပြေဖြစ်တတ်သည်။

ယတြာ-မိခင်ဖြစ်သူအား ပိုးထည်နှစ်စဖြင့် ကန်တော့ပါ။
 
 
 
 
 

မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ -


၂၁ ရက်၊ ၂၅ ရက်တို့ ကံပွင့်လန်းနေမည်ဖြစ်သည်။ အိမ်ထောင်ဖက်၏ကိစ္စများ၊ အစုစပ်လုပ်ငန်းများ၊ သံတမန်ရေးရာ
 
များ ဦးစားပေးဆောင်ရွက်သင့်၏။ တန်ဖိုးရှိသည့် ပျောက်ဆုံးပစ္စည်းများ ပြန်လည်ရရှိတတ်သည်။ အများ၏ အထင်
 
ကြီးလေးစားခြင်း ခံရမည်။ အိမ်ထောင်ဖက်ကြောင့် ၀မ်းမြောက်ပျော်ရွှင်ရလိမ့်မည်။

ယတြာ - မွေးနံထောင့်၌ ကြေးစည်၊ ကြေးဆည်းလည်း တစ်မျိုးမျိုးလှူပါ။
 
 
 
 
 

ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ -


အိမ်ခြံမြေကိစ္စ များ၌လည်းကောင်း၊ ကားကိစ္စများ၌လည်းကောင်း အများတကာထက် ပိုမိုကံကောင်း နေလိမ့်မည်။
 
အမှုအခင်း တို့ကို ပြီးပြတ်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။ ရန်သူ များ လျော့နည်းပပျောက်မည်။ မိတ်ဆွေများ
 
တိုးပွားလိမ့်မည်။ ရေကြောင်းကုန်သွယ်မှုနှင့် အဏ္ဏ၀ါဗေဒဆိုင်ရာ ပညာရပ်တို့တွင် ပိုမိုနားလည်တတ်ကျွမ်းလာမည်။
 
ယတြာ - ဖခင်ဖြစ်သူအား ဆေးဝါးဓာတ်စာတို့ဖြင့် ကန်တော့ပါ။
 
 
 
 
 

မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ -


ကိုယ်ရည်ကိုယ်သွေး ပိုမိုတိုးတက်လာမည်။ လုပ်ငန်းကျွမ်းကျင်မှု ပိုမိုမြင့်မားလာမည်။ ပိုကောင်းသည့် အလုပ်များ ရရှိ
 
ရန် အခွင့်အလမ်းကောင်းများ တွေ့လာမည်။ ရပ်ဝေးအဆက်အသွယ် ကောင်းများ၊ သတင်းကောင်းများလည်း ကြား
 
ရမည်။ ယေဘုယျကံကောင်းနေသည့် ရက်များဖြစ်သော်လည်း ၂၃ ရက်၊ ၂၅ ရက်တို့က ပိုမိုအကျိုးပေးထက်သန်စေ
 
လိမ့်မည်။ ယတြာ - တနင်္လာထောင့်၌ နွားနို့ကပ်လှူပါ။
 
 
 
 
သူငယ်ချင်းမိတ်ဆွေများ အားလုးံအဆင်ပြေ နိင်ကြပါစေ ခင်ဗျာ...
 
ခင်မင်စွာဖြင့်  

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့