Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 July 2012

စိတ်ခွန်အားပေး စာစုများ



တစ်ဖက်စွန်းရောက်လောက်အောင်
မချစ်မိပါစေနှင့်။
တစ်ဖက်စွန်းရောက်လောက်အောင်
မယုံမိပါစေနှင့်။
တစ်ဖက်စွန်းရောက်လောက်အောင်
မျှော်လင့်ချက်မထားပါနှင့်။
ဒီလို တစ်ဖက်စွန်းရောက်ခြင်းက
သင့်နှလုံးသားကို ပူလောင်စေနိုင်တဲ့အတွက်ကြောင့်ပါ။ 
(၂)

လူတွေဟာ အကြံဥာဏ်ရယူဖို့
အမြဲလိုအပ်နေတာ မဟုတ်ပါဘူး။
တစ်ခါတစ်ရံ…. 
သူတို့တကယ်လိုအပ်နေတာကတော့
သူတို့လက်ကို ဆုပ်ကိုင်ပေးမဲ့လက်တစ်ဖက်
သူတို့စကားကို နားထောင်ပေးမဲ့နားတစ်ဖက်
သူတို့စိတ်ကို နားလည်မှုပေးမဲ့ နှလုံးသားတစ်ခုပါ။
(၃)

အခွင့်အလမ်းဆိုတာ
အခြားသူတစ်ယောက်က ဖန်တီးပေးလို့
ရတဲ့အရာမဟုတ်ဘူး။
မတော်တဆလမ်းမှားရင်း
ရောက်လာတဲ့အရာလည်း မဟုတ်ဘူး။
ကိုယ်တိုင်ဖန်တီးရင်း
ကိုယ့်ဆီရောက်လာအောင် ပြုလုပ်ရမဲ့အရာပါ။
(၄)

ဆိုးကွက်ကိုကြည့်ပြီး
ပေါင်းသင်းဆက်ဆံမယ်ဆိုရင်
ပေါင်းသင်းစရာလူ
တစ်ဦးမှမရှိနိုင်ဘူး။
ကောင်းကွက်ကိုကြည့်ပြီး
ပေါင်းသင်းဆက်ဆံမယ်ဆိုရင်
မပေါင်းသင်းနိုင်စရာလူ
တစ်ဦးမှမရှိနိုင်ဘူး။
တစ်ဦးတည်း အထီးကျန်နေချင်လျှင်
မကောင်းကွက်ကိုကြည့်ပြီးပေါင်းပါ။
အများနဲ့ ပျော်ရွှင်ချမ်းမြေ့စွာနေလိုလျှင်
ကောင်းကွက်ကိုကြည့်ပြီးပေါင်းပါ။
(၅)

သင်ခြေချော်ကျမယ်ဆိုရင်
သင့်ရဲ့ဟန်ချက်ကို ပြန်ပြီးထိန်းသိမ်းလို့ ရနိုင်ပါတယ်။
သင်စကားမှားသွားမယ်ဆိုရင်တော့
သင့်ရဲ့ ပုံရိပ်ကို ပြန်လည်တည်ဆောက်လို့မရနိုင်ပါဘူး။
စကားတစ်ခွန်း မပြောမီ
သေချာစဉ်းစားဆင်ခြင်ပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့