၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ(ပ်)တွင်ကျင်းပသည့် အမေရိကန်-အာဆီယံ စီးပွားရေး ဖိုရမ်တွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေစဉ်။ AFP |
သောကြာနေ့က ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံ စီးပွားရေး ညီလာခံကိုတက်ရောက်နေစဉ် အတွင်း၊ အမေရိကန် ထိပ်တန်း စီးပွားရေးခေါင်းဆောင် (၂၀၀) လောက် နဲ့တွေ့ဆုံခဲ့ရာမှာ သမ္မတ ဦးသိန်းစိန် က ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲကို အမေရိကန် နိုင်ငံရေးခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ကမကထပြု စီစဉ်ခဲ့တာပါ။
ဒီပွဲမှာ ဦးသိန်းစိန် က မြန်မာနိုင်ငံဟာ ဒီမိုကရေစီခေတ်ဆီလျှောက်လှမ်းနေ သလို၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကိုလည်း ရှာကြံနေပါတယ်၊
မြန်မာနိုင်ငံတွင်းကို ရင်နှီးမြုပ်နှံမှု အများအပြား ၀င်ရောက်လာလိမ့်မယ် လို့လည်း မျှော်လင့်ထားပါတယ်၊ မိမိတို့ အနေနဲ့ အပြန်အလှန်လေးစားမှု အပေါ် အခြေတည်ပြီး၊ နှစ်ဦးနှစ်ဘက် အကျိုးစီးပွား အတွက် ပူးပေါင်းဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ Coca Cola/ Caterpillar/ Goldman Sachs နဲ့ Ford General Motors စတဲ့ အမေရိကန် ကုမ္ပဏီကြီးတွေ ပါဝင်တက်ရောက်ခဲ့ ပါတယ်။
ဒီကနေ့ မှာတော့ အမေရိကန်လုပ်ငန်းရှင် (၇၀) လောက် ပါဝင်တဲ့အဖွဲ့ဟာ
မြန်မာနိုင်ငံကို သွားရောက် လေ့လာကြမှာဖြစ်ပါတယ်။
No comments:
Post a Comment