Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 2 July 2012

နိုင်ငံကူးလက်မှတ် မူဝါဒ ပြောင်းလဲမည့် အစီစဉ် မရှိသေး၊ ပြည်ထောင် စု ၀န်ကြီးများ လာဘ်စားပါက ကိုယ်တိုင် နုတ်ထွက်မည် ဟုဆို

နေပြည်တော် ၊ဇူလိုင် ၁ ရက် 

နိုင်ငံကူး လက်မှတ် မူဝါဒ ကို ပြောင်းလဲရန် အစီစဉ် မရှိသေးသော် လည်း ကောင်းမွန်သော နည်းစနစ်များနှင့် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက
 နေပြည်တော်ရှိ မီဒီယာ များနှင့် တွေ့ဆုံစဉ် ပေါ်ပြူလာနယူးစ် ၏မေးမြန်းမှုကို ပြန်လည်ပြောကြားခဲ့
သည်။

လက်ရှိတွင် နိုင်ငံကူး လက်မှတ် ---


 ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် မြန်မာဘင်္ဂလီများကို လက်ခံရန် အတည်ပြု


 မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ဇူလိုင် ၁ ရက်မှ ၂ ရက်နေ့အထိ ဒက္ကားမြို့မှာ ကျင်းပနေသည့် အစည်းအဝေးတွင် မြန်မာ့ ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့က မြန်မာ့ဘင်္ဂလီများအား လက်ခံရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ 
ဘင်္ဂလာမှ နိုင်ငံခြားရေးဝန်ကြီး Mijarul Quaves ဦးဆောင်သော အဖွဲ့တို့ ယမန်နေ့က အစည်းအဝေးတွင် မြန်မာ့ဘင်္ဂလီများကို လက်ခံရန် တင်ပြချက်အား ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သောအဖွဲ့က လက်ခံအတည်ပြုလိုက်ကြောင်းဖြစ်သည်ဟု Mijarul Quaves ၏ ပြောရဲဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

ပြောရဲဆိုခွင့်ရှိသူက "ဒုက္ခသည်အဖြစ် လက်ခံထားသော ရိုဟင်ဂျာ ၂၈၀၀၀ ဦးရေနဲ့ တရားမ၀င် လက်ခံထားသော ၄၀၀၀၀၀ ကျော်တို့အား လက်ခံဖို့ မြန်မာ့ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နှင့်အဖွဲ့ မနေ့က အစည်းအဝေးမှာ လက်ခံခဲ့ပါတယ်။"ဟု ဒေသထုတ် ၀ပ်ဆိုင်းတခုက ဖေါ်ပြသည်။

Mujarul Quayesက "မြန်မာ သမ္မတ ဦးသိန်းစိန် ဘင်္ဂလာသို့ ရောက်လာမည့်ရက်ကို နောက်ဆုတ်လိုက်ပါပြီ၊ သူက ဇူလိုင် ၁၅-၁၇ ရက်တို့မှာ လာဖို့အစီအစဉ်ရှိခဲ့ပါတယ်၊ ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်မှုတွေကို သူကိုယ်တိုင်ဦးဆောင်ညွှန်ကြားရမယ် ကိစ္စတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်၊ ဒါက ဦးမောင်မြင့်တို့က စနေနေ့က တရားဝင် အစည်းအဝေးမှာ ပန်ကြားခဲ့တာပါ။"ဟု ဆိုသည်။

ထို့ပြင် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ နစကနှင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)တို့ လာမည့် ဇူလိုင်လ ၂၂-၂၆ ရက်တို့တွင် အစည်းအဝေး ပြုလုပ်မည့် ရက်ကိုလည်း ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ အရေးပေါ် အခြေအနေများ ထုတ်ပြန်ချက်အား နစကမှ တာဝန်ယူနေရမှုကြောင့် နောက်ဆုတ်လိုက်ကြောင်း သိရှိရသည်။

ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော အဖွဲ့မှာ ဘင်္ဂလာသို့ ဇွန်လ ၃၀ ရက်နေ့ကတည်းက ကြိုတင်ဆိုက်ရောက်ခဲ့ပြီး ယနေ့ ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်ဒေသအတွင်း ရာဇ၀တ်မှုဆိုင်ရာ အကြမ်းဖက်လုပ်ငန်းများကို သောင်းကျန်းလုပ်ဆောင်ပြီး တဘက်နယ်စပ်သို့ ဖြတ်ကျော်ကာ တိမ်းရှောင်နေကြသည့်သူများအား ပူးပေါင်းဖေါ်ထုတ် အရေးယူနိုင်ရန်အတွက် နှစ်ဘက်သဘောတူ ဥပဒေအရ စာချုပ်များကိုပါ ချုပ်ဆိုကြမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့ကတည်းက ဖြစ်ပေါ်နေသည့် ပဋိပက္ခကြောင့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအတွင်းရေးနှင့် ပြည်သူလူထုများအကြား မသင်္ခါမှုတချို့ကို ဖြစ်ပေါ်စေသည်ဟု ယူဆနေကြသည်။ 

RNDP၊ ပြည်ပရခိုင်ပြည် နိုင်ငံရေးအဖွဲ့အစည်းများနှင့် ရခိုင်ပြည်သူလူထုတခုလုံးက မြန်မာ့မူဆလင် (ဘင်္ဂလီ)များအား ဒေသခံ ရခိုင်ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်နေသူများဖြစ်ကြောင်း အရေးယူနေချိန်တွင် ယခုကဲ့သို့ ဘင်္ဂလီဒုက္ခသည်များ လက်ခံရန် ဦးမောင်မြင့် လက်ခံခဲ့ခြင်းဖြစ်သည်။

 ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၉ ရက် လွှတ်တော်တက်မယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၉ ရက်နေ့မှာ လွှတ်တော်အစည်းအဝေးကို တက်ရောက် မှာ ဖြစ်ကြောင်း NLD ပါတီက ဒီကနေ့ ထုတ်ဖော်ပြောကြားပါတယ်။
ဇူလိုင် (၄) ရက်နေ့မှာ စတင်ကျင်းပမဲ့ လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးမှာ ခွင့် (၃) ရက်ယူထားပေမဲ့ ဒေါ်အောင်ဆန်း စုကြည် ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း NLD ပြောခွင့် ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
"ကောင်းပါတယ်။ ကျွန်တော် ဒီမနက်တွေ့လာပါတယ်။ စကားလည်းပြောလာပါတယ်။ နည်းနည်းတော့ ပိန်တာပေါ့လေ။ အရင်ထဲကလည်း ပိန်တာပါပဲ။ လွှတ်တော်ကို ၉ ရက်နေ့တက် မယ်လေ။ ၄ ရက်၊ ၅ ရက်၊ ၆ ရက်ကိုတော့ ခွင့်တင်ထားပါတယ်"
ဒီအတောအတွင်း ပြီးခဲ့တဲ့လက သွားရောက်ခဲ့တဲ့ ဥရောပခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့ရှိကြောင်းလည်း သိရပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ Burma နဲ့ မြန်မာအသုံးအနှုန်း ကိစ္စအပြင် လွှတ်တော်ဆိုင်ရာ တာဝန်တွေ၊ NLD ရဲ့ တာဝန်ပေးအပ်မှုတွေကို အဲဒီသတင်းစာရှင်းလင်းပွဲ မှာ ပြောဆို မယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့