Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 July 2012

ဘူးသီးတောင်မြို့ကို အကြမ်းဖက်တိုက်ခိုက်ရန် ချီတက်လာသူ (၆)ဦး ထောင်ဒဏ်(၁၀)နှစ်ချမှတ်

ဓါတ်ပုံ - နိဉ္စရာ
ဇွန်လ (၈) ရက်နေ့က မောင်တောမြို့တွင် ဖြစ်ပွါးခဲ့သော ဆူပူအကြမ်းဖက်မှုများကဲ့သို့ ဘူးသီးတောင်မြို့ကိုလည်း အကြမ်းဖက် တိုက်ခိုက်ရန် ချီတက်လာသူ ဘင်္ဂလီ(၆)ဦးကို ဘူးသီးတောင်မြို့နယ် တရားရုံးမှ ဇူလိုင်လ (၁၈) ရက်နေ့က ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့ကြောင်း အမိန့်ချရာသို့ သွားရောက်နားထောင်ခဲ့သူများက ပြောကြားသည်။

''တရားခံခြောက်ဦးက ဇော်ကီးအာမက်ပါ (၆)ဦး ဖြစ်ပါတယ်။ ပုဒ်မ (၁၄၈)နဲ့ (၅၀၆)ဒုတိယပိုင်းတွေနဲ့ စွဲတာဖြစ်ပါတယ်။ ပုဒ်မ (၁၄၈)က ဥပဒေနှင့် ဆန့်ကျင်သော ဆူပူမှုတွင် သေစေနိုင်လောက်သော လက်နက်ကိုင်ဆောင်ခြင်းဖြစ်ပြီး ပုဒ်မ (၅၀၆) ဒုတိယပိုင်းက အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြင်းဖြစ်ပါတယ်။ ပုဒ်မ (၁၄၈)က ထောင်ဒဏ် (၃)နှစ်နဲ့ ပုဒ်မ (၅၀၆)ဒုတိယပိုင်းက ထောင်ဒဏ် (၇)နှစ် စုစုပေါင်း (၁၀)နှစ်ဖြစ်ပါတယ်။''ဟု ဥပဒေအရာရှိတစ်ဦးက Eleven Media Group ကို ပြောကြားသည်။

ဇွန်လ (၈) ရက်နေ့က မောင်တောမြို့တွင် ဖြစ်ပွါးခဲ့သည့် ဆူပူအကြမ်းဖက်မှုများကဲ့သို့ ဘူးသီးတောင်မြို့နယ်တွင်လည်း ဘင်္ဂလီများက မြို့ကိုဝိုင်းဝန်းတိုက်ခိုက်ရန် ချီတက်လာခဲ့ကြပြီး ဆူပူအကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန်အတွက် ဘူးသီးတောင် ရဲစခန်းမှ စခန်းမှုးမှ မိမိကိုယ်ပေါ်တွင် လက်နက်၊ ဗုံးများတပ်ဆင်ကာ ချီတက်လာသော ဘင်္ဂလီလူအုပ်ကို ဆက်လက်မချီတက်ဘဲ နောက်ဆုတ်ရန်ပြောကြားကာ ဆူပူအကြမ်းဖက်မှု မဖြစ်ပွါးအောင် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်ဟု

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့