Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 14 July 2012

ချစ်သူအနမ်း အဓိပ္ပာယ်


လက်(Kiss on the hand)
ကိုယ့်ချစ်သူက...ကိုယ့်ရဲ့လက်ကိုနမ်းတာဟာ....*ငါမင်းကိုအသဲစွဲချစ်မိနေပြီ* လို့ဆိုလိုပါသတဲ့...ကဲ...စမှတ်တော့နော်..
ပါး(Kiss on the check)
ကိုယ့်ချစ်သူက ပါးကိုနမ်းလာပြီဆိုရင်တော့...*မင်းနဲ့ထပ်တူခံစားမျှဝေပေးချင်တယ်* လို့ဆိုလိုရာရောက်ပါသတဲ့...
မေးစေ့(Kiss on the chin)
ကိုယ့်ချစ်သူ...ကိုယ့်ရဲ့မေးစေ့လေးကိုနမ်းလာပြီဆိုရင်တော့...ဒါဟာ..သူ့ကိုမု့န်ဝယ်ကျွေး စေချင်တဲ့သဘောပါပဲ...
ဘာလို့လဲဆိုတော့.. *မင်းကသိပ်ချစ်ဖို့ကောင်းတာပဲ* လို့ဆိုလိုရာရောက်လို့လေ..။
လည်ပင်း(Kiss on the neck)
လည်ပင်းကိုနမ်းတဲ့အဓိပ္ပာယ်ကတော့...*မင်းကိုမရှိမဖြစ်လိုအပ်နေပါပြီ*တဲ့လေ...
ကဲ...အကြင်နာလေးနဲ့စကားပြောကြည့်နော်..ကိုယ့်ချစ်သူကိုပေါ့..း)
တ်ခမ်း(Kiss on the mouth)
ဒီနေရာလေးကိုနမ်းရင်တော့...*မင်းကိုအရမ်းအရမ်းချစ်တယ်*လို့ဆိုလိုပါသတဲ့လေ... မှတ်ထားနော့..းP
နားရွက်( Kiss on the ears)
သင့်ရဲ့နားရွက်ကလေးကိုအကြင်နာပေးလာပြီဆိုရင်တော့...*မင်းနဲ့အမြဲတမ်းပျော်ပျော်ရွှင်ရွှင် နေချင်ပါတယ်*တဲ့လေ..
.စိတ်ချမ်းသာအောင်ထားလိုက်နော်...
နဖူး(Kiss on the forehead)
ဒါလေးကတော့...*မင်းက..ကိုယ့်အတွက်အထူးခြားဆုံးသူပါပဲ*လို့ဆိုလိုပါသတဲ့...
ဘာလို့လဲ ဆိုတာကတော့...နှစ်ယောက်တည်းတီးတိုးလေးမေးကြည့်ကြနော်..း)
ခုဆက်ပြီးပြောပြပေးမယ့်အကြောင်းအရာလေးကတော့....အနမ်းအမျိုးမျိုးအကြောင်းလေးပါ..
ရင်ခုန်စွာနဲ့..ဆက်လက်ရှုစားကြည့်ပါဦးနော်..းP
Butterfly Kiss
ဒါလေးကတော့...လိပ်ပြာအနမ်းလို့လူသိများပါသတဲ့...ကိုယ့်ချစ်သူရဲ့..မျက်တောင်ပုပ်ခတ် ပုပ်ခတ်လေးဖြစ်နေချိန်မှာ...
ကိုယ့်ရဲ့ဝင်သက်ထွက်သက်လေးတွေ...ရိုတ်ခတ်သွားလို့...အဲဒီအခိုက်အတန့်လေးကို လိပ်ပြာအနမ်းလို့ခေါ်ပါသတဲ့....။
Check Kiss
ချစ်သူရဲ့ပထမဆုံးအနမ်းကိုဆိုလိုတာပါတဲ့...သူငယ်ချင်းမိတ်ဆွေတွေအချင်းချင်းလည်း...ခုလိုမျိုးလေး
နူးနူးညံ့ညံ့လေးနမ်းတတ်ကြပါသတဲ့.။
Eskimo Kiss
နှာခေါင်းလေးတွေအချင်းချင်းပွတ်ပြီး..နမ်းတာမျိုးပါတဲ့...Eskimo လူမျိုးတွေနမ်းတတ်တဲ့
အနမ်းဟုတ်မဟုတ်တော့မသေချာပေမယ့်...ကြည်နူးစရာအကောင်းဆုံးအကြင်နာပေးနည်းလေးဆိုတာကိုတော့
လူတိုင်းလက်ခံထားပါသတဲ့...
Hand Kiss
ကောင်မလေးတွေကို..တစ်လေးတစ်စားဂရုစိုက်ရင်...နမ်းလေ့ရှိပါသတဲ့...
အရှေ့တိုင်းမှာတော့ တွေ့ရခဲပေမယ့်...အနောက်တိုင်းယဉ်ကျေးမှုမှာ...အလွန်ခေတ်စားပါသတဲ့လေ..
Letter Kiss
ပေးစာရဲ့အောက်နားမှာ...နှုတ်ဆက်အနမ်းထည့်ပေးတာမျိုးကိုဆိုလိုပါသတဲ့...
အဝေးရောက်ချစ်သူ တွေအတွက်အကြင်နာပေးနည်းလေးလို့လည်း...ဆိုလိုလေရဲ့...း)
Candy Kiss
ချစ်သူနှစ်ဦး...CIty Mart တစ်ခုထဲကိုဝင်...သကြားလုံးတစ်ယောက်တစ်ထုပ်ဝယ်..
.နောက်ပြီး.. တစ်ယောက်ကိုတစ်ယောက်ပဟေဠိဖွက်.....မှန်ရင်...လာထား....(း-*)....းP
Slow Motion Kiss
အဝေးတစ်နေရာကနေ...ပြေးလာပြီး..ပွေ့ဖက်နှုတ်ဆက်အနမ်းပေးတာကိုဆိုလိုပါသတဲ့...
Sniff Kiss
အာရှမှာ...popular အဖြစ်ဆုံးအကြင်နာပေးနည်းလေးတဲ့လေ..လူအများရှေ့မှာ..
.နှာခေါင်း ပါး..နဖူး...နမ်းတာမျိုးကိုဆိုလိုပါသတဲ့လေ...
Virtual Kiss
အင်တာနက်ချစ်သူအချင်းချင်း..e-card လေးပို့...(း-*)လေးထည့်ပေးတာမျိုးတဲ့လေ...
အွန်လိုင်းချစ်သူလေးတွေသိပါတယ်နော့..းP
ဒီနေ့ဘာရယ်တော့မဟုတ်ဘူး ချစ်သူတွေရဲ့အနမ်းအကြောင်းကို စဉ်းစားမိရင်နဲ့ အနမ်းတွေက ဘယ်လို
အဓိပ္ပာယ်ရှိလဲဆိုတာသိချင်လာတယ်
ဒါနဲ့စာအုပ်ထဲမှာ ရှာဖတ်ကြည့်တော့ အနမ်းတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေးတွေကို သိတာနဲ့ချက်ချင်းဒီအပေါ်မှာ
တင်ပေးလိုက်တယ်
ချစ်သူတွေ အနေနဲ့ မိမိချစ်သူကို ချိုမြိန်တဲ့အနမ်းလေးတွေ ပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်
လေးစားလျက်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့