Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 23 July 2012

ချစ်သူကို ဦးစားပေးလိုက်သည် ။

ကဲ စာဖတ်ပရိတ်သတ်ကြီးကို ပြောပြချင်တယ်နော်.. အချစ်စစ်ဆိုတာ ရှားပါးလွန်းလှတယ်..။ ဖြစ်လာဖို့ ဆိုတာလည်း အရမ်းကို ခက်ခဲလွန်းတယ်..။
ဒါပေမယ့် ကြေကွဲစရာဇတ် လမ်းလေး... တိုက်တန်းနစ် ကားလေးပေါ့.. ဘယ်တော့ကြည့်ကြည့် မရိုးပါဘူး ။
ချစ်သူ နှစ်ဦး သေကွဲကွဲ လိုက်ရတဲ့ ချိန်တွေမှာ....ကောင်မလေးအတွက် ကောင်လေးက ဦးစာပေးလိုက်ပြီး သူ့အသက်ကို စွန့်ခဲ့တယ်
နောက်ဆုံးချိန်လေးမှာ.. ကောင်မလေးက ကောင်းကင်ကိုငေးပြီး... သီချင်းဆိုပြတယ်....။ အရမ်းကို အေးတဲ့ ရေခဲပင်လယ်မှာ.. ကောင်လေးကတော့ ရေထဲစိမ် နေရပြီး ကောင်မလေးရကတော့ တစ်ယောက်သာ တက်လို့ရတဲ့ တံခါးတစ်ချပ်ပေါ်မှာရှိနေခဲ့တယ်။
သီချင်းလေး ပြီးဆုံးသွားလို့ ကောင်မလေး ကောင်လေးကို ပြန်ကြည့်လိုက်ချိန်မှာတော့  ကောင်လေးက အေးခဲပြီး အသက်မရှိတော့ဘူး ။
ဆုတ်ကိုင်ထားတဲ့ ကို လွတ်လိုက်ချိန်မှာ ရေအောက်ကို ကောင်လေး နစ်မြုပ်သွားခဲ့တယ် ။
http://www-deadline-com.vimg.net/wp-content/uploads/2011/05/titanic_20110519104142.jpg
အတူရှိခဲ့တဲ့ချိန်
အတူရှိဖူးတဲ့နေ့
ပြန်ရေတွက်ရင်း
ကံကြမ္မာဆိုး
ကျတော့မှ
တို့ချစ်သူ နှစ်ဦး
ကွဲရပြီတဲ့လား ကွယ် ။
http://upload.wikimedia.org/wikipedia/commons/thumb/6/6e/St%C3%B6wer_Titanic.jpg/220px-St%C3%B6wer_Titanic.jpg
အိပ်မက်တွေလား
လက်တွေ့တွေလား
သေဘာၤၾကီး က
မျက်စိရှေ့ နစ်မြုပ်
တံခါးတစ်ချပ်
တစ်ယောက်သာတက်ရ
တစ်ယောက်ကတော့ ရေခဲရေထဲနေ
အေးခဲပြီး
လက်တွေက ချစ်သူလက်ကလေးကို
ဆုပ်ကိုင်ရင်း
မျက်ဝန်းတွေနဲ့
ကြည့်နေမိတဲ့
ချစ်သူနှစ်ဦးလဲ
မကြာခင်မှာ
ဘ၀ခြားတော့မှာ
သိနေကြပါရဲ့   ။
အရမ်းချစ်တဲ့ ဒီချစ်သူ နှစ်ဦး
ရင်ထဲမှာ ဘာတွေရှိနေမလဲ ?
http://msnbcmedia.msn.com/j/MSNBC/Components/Photo/_new/g-ent-120418-titanic-02.380;380;7;70.jpg
ဒီချိန်လေးမှာ ချစ်သူနှစ်ဦးမျက်ဝန်းထဲ ဘာတွေရှိနေမလဲ သိချင်လိုက်တာဗျာ ။
ကဲ စာဖတ်ပရိတ်သတ်ကြီးရေ........ သူတို့လိုပဲ .. တံခါးက တစ်ယောက်ပဲ တက်လို့ရပြီး နှစ်ယောက်တက်လို့ မရဘူးဆိုရင် သင်ဘယ်လိုများလုပ်မလဲ ?
ကျွန်တော်ကတော့ ကျွန်တော် ချစ်သူကိုပဲ တက်ခိုင်းလိုက်ပြီး ကျွန်တော်က ရေထဲပဲနေမိမှာပါ
ဘာလို့လဲဆိုတော့ ကိုယ်အရမ်းချစ်တဲ့ ချစ်သူကို ဦးစားပေးလိုက်တာပါ..။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့