Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 22 May 2013

ကုန်ကြမ်းရှား၍ အရည်လိုင်းအရောင်းအ၀ယ်ကောင်းနေသည့် မဟာအောင်မြေဈေးကွက်

 ဈေးကွက်အတွင်းကျောက်စိမ်းကုန်ကြမ်းများရှားပါးမှုကြောင့် ကျောက်ရှားပါးလာပြီး ဈေးကွက်လိုအပ်ချက်အတိုင်းမပေးနိုင်သည့်အတွက် ဈေးနှုန်းမြင့် တက်ကာ အရောင်းအ၀ယ်ကောင်းမွန်နေကြောင်း ကုန်သည် များထံမှ သိရသည်။
...
`ဈေးကွက်ထဲမှာ ပစ္စည်းကတော့ ရှားတယ်။ဒါပေမယ့် ၀ယ်ယူမှုအားကောင်း တာကြောင့် ပစ္စည်းပြတ်လပ်တာတွေ အထိဖြစ်တယ်၊ ဈေးနှုန်းကလည်း အရင်ကကိုယ်ခေါ်ချင်သလို ခေါ်လို့မရပေမယ့်အခုကျတော့ ဖြစ်သင့်တဲ့ ဈေးအထိ ဆွဲခေါ်လို့ ရနေတယ်´ဟု မဟာအောင်မြေကျောက်မျက်ရတနာရောင်း ၀ယ်ရေးစခန်း အကျိုးတော် ဆောင်အဖွဲ့ရုံး မှတာဝန်ရှိသူတစ်ဦးထံမှသိရ သည်။

ကချင်ပြည်နယ်ဖားကန့်ရှိကျောက်စိမ်းအရိုင်းတုံးများ ဈေးနှုန်းမြင့်နေခြင်းနှင့် ကျောက်စိမ်းကုမ္ပဏီများက ကျောက်စိမ်းထုတ်လုပ် ရောင်းချမှုနည်းလာခြင်း၊ ဈေးကွက်လိုအပ်ချက်များလာခြင်းနှင့် တရုတ်ကုန်သည်များ ၀ယ်ယူမှုများပြား လာခြင်းတို့ကြောင့် ယခုကဲ့သို့ ပစ္စည်းရှားပါးချိန် တွင် ဈေးကွက်အနေ အထားမှာ ပိုမိုကောင်းမွန်နေခြင်းဖြစ်သည်ဟု သိရသည်။


`ဖားကန့်မှာ ကျောက်တူးဖော်ရေးလုပ်ငန်းတွေကတော့ ရပ်နားခြင်းမရှိပါဘူး။ ဒါပေမယ့် ဈေးနှုန်းကတော့ တော် တော်လေးလန်နေအောင် ဈေးကောင်းနေတယ်၊ ဒါကြောင့်ငုတ်တုတ်ထိုင်နေရတယ်ဗျ၊ မန္တလေးဈေးကွက် အနေ အထားကတောင် ဖားကန့်ထက် သက်သာနေတယ်ဗျ´ဟု ဖားကန့်တွင်နေထိုင်သော ကျောက်သမား ကိုအိုက်ပီးက ပြောသည်။

မန္တလေးကျောက်စိမ်းဈေးကွက်အတွင်းအရည်လိုင်းမှာဝယ်ယူသူများလာသောကြောင့် ဈေးနှုန်းမှာ အမြင့်ပိုင်း သို့ ဦးတည်လျက်ရှိကြောင်း၊ အရည်ကောင်း မွန်သောပစ္စည်းများမှာလည်း ဈေးကွက်အတွင်း၌ ရှားပါးလျက်ရှိ ကြောင်း၊ လက်ကောက်ရောင်းဝယ်မှုပိုင်းတွင် အရည်အသွေးကောင်းမွန်မှုထက် အသားကောင်းမွန်မှုကို အဓိက ထား ရောင်းဝယ်လျက်ရှိသည်ဟု သိရသည်။

`ကျောက်စိမ်းဈေးကွက်ထဲမှာကတော့အရည်အသွေးကောင်းတဲ့ပစ္စည်းဆိုရင်တော့ အရင်က ခေါ်ဈေးထက်နှစ် ဆလောက် ပေးဝယ်နေရသလို၊ ရှာရတာလည်း ခက်ပါတယ်။အခုဆိုရင် ကျောက်ဝိုင်းထဲမှာမဟုတ်ပဲ ပြင်ပမှ လိုက် ရှာဝယ်နေရပါတယ်။ ဒါပေမယ့် ဈေးနှုန်းကတော့ ကျောက်ဝိုင်းမှာလို မဟုတ်တော့ဘူး သူတို့ပြောချင်တဲ့ ဈေးအတိုင်းပြောနေတာမျိုးပါ။ ဒါကြောင့် မ၀ယ်ဖြစ်တာများပါတယ်´ဟု ကျောက်မျက်ရတနာလုပ်ငန်းရှင် ဦးပိုးကြူ က ပြောသည်။

မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအတွင်း၌ကျောက်မျက်ရတနာဈေးနှုန်းများအဖြစ် အရည်လိုင်းတွင် ကျပ်သိန်းပိုင်းဝန်းကျင်မှ ကျပ်သိန်းရာဂဏန်းဝန်းကျင်၊လက်ကောက်ဝိုင်းတွင် ကျပ်ထောင်ပိုင်း မှ ကျပ်ဆယ်သိန်းဝန်းကျင်၊လွှာချပ်ပိုင်းတွင် ကျပ်သောင်းဂဏန်းဝန်းကျင်နှင့် ပုတီးလိုင်းတွင် အရည်အသွေး ပေါ်မူတည်ကာ ကျပ်သောင်းဂဏန်းအထိ ၀ယ်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါကျောက်မျက်ရတနာအချောထည်လုပ်ငန်းများ အရောင်းအ၀ယ်ဖြစ်သော်လည်း အောက်ခြေသိမ်း ကျောက်များဖြစ်သည့် ဖြတ်စများမှာ ဈေးနှုန်းပေးမည့်သူမရှိဖြစ်ပေါ်ကာ ဈေးကွက်အောက်ဆုံးအခြေအနေအ ထိရောက်ရှိနေကြောင်း သိရသည်။

`ဈေးကွက်အနေအထားအရ ကျောက်စိမ်းအချောထည်ပစ္စည်းတွေကတော့ နောက်တစ်ပတ်အထိဈေးကွက် ကောင်းဦးမှာပါ၊ အောက်ခြေကျောက်ဖြစ်တဲ့ ဖြတ်စအပိုင်းတွေကတော့ ဈေးကွက်ဝယ်လိုအားထက် လက်မှုပစ္စည်း အဖြစ်ပြု လုပ်ရောင်းချတဲ့သူတွေဘက်က ၀ယ်ယူမှုပေါ်မူတည် မှာပါပဲ´ ဟု ကျောက်မျက်ပရဟိတ လူမှုရေး အဖွဲ့မှ အတွင်းရေးမှူး(၁)ဦးသန်းဌေးက သုံးသပ်သည်။

မင်းခန့်-မန္တလေး(မြစ်မခ) /မြန်မာခရိုနီကယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့