ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ အများပြည်သူများ လာရောက် အပန်းဖြေတဲ့ ကန်တော်ကြီး ရေပြင်ကို သန့်ရှင်းမှု ရှိစေဖို့ အတွက်
ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ရာ မှာလည်း ကန်တော်ကြီး ရေပြင် သန့်ရှင်းမှု ရှိစေဖို့ အတွက် ဒိုက်များ ဖယ်ရှားခြင်း၊ ရေပြင် အတွင်းရှိ အစိမ်းရောင် ရေညှိများ ဖယ်ရှားခြင်း တို့ကို ပြုလုပ်လျက် ရှိတာ ဖြစ်ပါတယ်။

အခုလို ကန်တော်ကြီး ရေပြင် သန့်ရှင်းမှု ဆောင်ရွက်ရာမှာ အစိမ်းရောင် ရေညှိများကို ဖယ်ရှားတဲ့ စက်ဖြစ်တဲ့ ရေသန့်စင်မှု စနစ် Tesco Water Purification System ကို ဂျပန်နိုင်ငံ Tesco ကုမ္ပဏီက လှူဒါန်း ထားတာ ဖြစ်ပါတယ်။ အဆိုပါ ရေသန့်စင်တဲ့ စနစ်ဟာ အစိမ်းရောင် ရေညှိများကို ဖယ်ရှားရာမှာ ၁ မိနစ်ကို ရေ ၅၀ လီတာ သန့်စင် နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်နဲ့ပတ်သက်ပြီး အသုံးပြုမှုများ ကိုလည်း ဂျပန်နိုင်ငံ Tesco မှ Training ပေးသွားမှ ဖြစ်ပြီး နောက်ပိုင်း မှာတော့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ အင်ဂျင်နီယာ တွေက ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။