Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 23 May 2013

တရုတ်နိုင်ငံမှ ကမ္ဘာ့ အရှည်ဆုံး ဓာတ်လှေကားပေါ်သို့ လုံခြုံရေး အကူကိရိယာ မပါဘဲ တက်ရောက်ခဲ့သည့် ပြင်သစ် နိုင်ငံသား

ကျောက်တောင်ကြီးများ တည်ရှိသည့်  တရုတ်နိုင်ငံ၊ Zhangijiajie ပြည်နယ်ရှိ Wulingyuan ဒေသမှ အမြင့် ၁၀၈၃ ပေရှိ ပိုင်လုံ ဓာတ်လှေကား အပေါ်သို
့ ပြင်သစ်နိုင်ငံသား Jean-Michel Casanova သည် လုံခြုံရေး အကူကိရိယာများ ၀တ်ဆင်ခြင်းမရှိဘဲ ခြေထောက်နှင့်လက်ကိုသာ အသုံးပြု၍ မေလ ၁၈ ရက်နေ့က အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။

Hundred Dragons ဟု ကျော်ကြား ထင်ရှားသည့် အဆိုပါ Bailong Elevator ဓာတ်လှေကားသည် ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားမှု အများဆုံး နေရာတစ်ခုလည်း ဖြစ်သည်။ အဆိုပါ အမြင့်ကို ဓာတ်လှေကားဖြင့် တက်ပါက တစ်မိနစ်မျှသာ အချိန်ကြာမြင့်နိုင်ပြီး လှေကားမှတက်လျှင် ၂ နာရီနှင့် မိနစ် ၃၀ ခန့် ကြာမည် ဖြစ်သည်။ Jean-Michel Casanova သည် ဓာတ်လှေကား၏ အမြင့် ၅၆၄ ပေကို ၆၈ မိနစ်နှင့် ၂၆ စက္ကန့်အတွင်း တက်နိုင်ခဲ့သည်။ Jean-Michel Casanova သည် ၁၉၈၉ ခုနှစ်က ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့ရှိ ပေ ၉၀၀မြင့်သည့် Eiffel Tower ပေါ်သို့  လက်ဖြင့်ပင် တွယ်တက်ပြခဲ့ပြီး လွန်ခဲ့သည့်နှစ်ကပင် နယူးယောက်မြို့ရှိ Brooklyn တံတားကို ပင့်ကူလူသား ၀တ်စုံဝတ်ဆင်ပြီး လုံခြုံရေး ခါးပတ်မပါဘဲ တက်ပြနိုင်ခဲ့သူလည်း ဖြစ်သည်။

http://www.nydailynews.com/news/world/french-daredevil-climbs-chain-reco...


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့