Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 23 May 2013

အကျဉ်းဦးစီးဌာနမှ စပါးတင်းပေါင်း ကိုးသောင်း ကျော်အား တင်ဒါခေါ် ရောင်းချမည်


ရန်ကုန်တိုင်း ဒေသကြီး ဦးစီးမှု ရုံးကွပ်ကဲမှု အောက်မှာ ရှိတဲ့ အကျဉ်းထောင် အလုပ် စခန်းများမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွင်းမှာ စိုက်ပျိုးခဲ့တဲ့
စပါးတင်းပေါင်း ၉၀၅၆၄ တင်းကို ရောင်းချပေးဖို့ အတွက် ဈေးနှုန်း တင်သွင်းလွှာ ဖိတ်ခေါ် ခဲ့တယ်လို့ သိရပါတယ်။ အခုလို ရောင်းချမှုမှ ရရှိလာတဲ့ ငွေကြေးတွေနဲ့ အကျဉ်းသား တွေရဲ့ စားသောက်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှု အပိုင်းတွေမှာ ပြန်လည် အသုံးပြု သွားမှာ ဖြစ်တယ်လို့ အကျဉ်းဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ အကျဉ်းထောင် တစ်ခုနဲ့ အကျဉ်း စခန်း ၆ ခုရှိပြီး စပါးစိုက်ပျိုးတဲ့ နေရာတွေ ကတော့ လှည်းကူး၊ တိုက်ကြီး၊ တညင်၊ ကျောက်တန်းနဲ့ တွံ့တေး အစရှိတဲ့ ဒေသတွေမှာ စပါးတွေကို စိုက်ပျိုးတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို စိုက်ပျိုးထားတဲ့ စပါးများကို လျှောက်ထား လိုသူတွေ အနေနဲ့ တင်ဒါပုံစံ တစ်စုံကို တစ်သောင်း ကျပ်နှုန်းနဲ့ မေလ ၂၂ ရက်နေ့မှ ၃၀ ရက်နေ့ အထိ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှာ ၀ယ်ယူ နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

ကြမ်းချင်းဈေး အနေနဲ့ အနိမ့်ဆုံးမှာ စပါး ၄၆ ပေါင်ပါ စပါး တစ်တင်းကို သုံးထောင့် တစ်ရာ ကျပ်ဖြစ်ပြီး အိတ်ဖွင့် တင်ဒါ ဖွင့်မယ့် ရက်ကိုတော့ မေလ ၃၁ ရက်နေ့မှာ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှာ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ် အချက်အလက်များ သိရှိလိုပါက စပါးရောင်းချရေး အဖွဲ့ ရန်ကုန်တိုင်း ဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံး ဖုန်းနံပါတ် ၂၁၇၅၂၁ နဲ့ ၂၁၇၅၁၀ တို့ကို စုံစမ်းနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့