Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 23 May 2013

ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံသည် တရုတ်-မြန်မာနိုင်ငံနယ်စပ်ရှိ မြန်မာအစိုးရအား

 ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံသည် တရုတ်-မြန်မာနိုင်ငံနယ်စပ်ရှိ မြန်မာအစိုးရအား ဆန့်ကျင်လျက် ရှိသော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအား လေယာဉ်ပစ်လက်နက်များ၊ သံချပ်ကာကားများ၊ ရဟတ်ယာဉ်များ ပေးပို့ခဲ့သည်ဟူသော ရေးသားချက်များကို ထင်ရှားသည့် ထောက်လှမ်းရေး စာစောင်တစ်ခုဖြစ်သည့် Janes Intelligence Review စာစောင်တွင် မကြာခဏ ဖော်ပြလာသည်ကို တွေ့လာရသည်။ ထိုသ...ို့ ဖော်ပြတိုင်း တရုတ်တို့အနေဖြင့် ၎င်းသတင်းနှင့် ပတ်သက်၍ မမှန်ကန်ကြောင်း အပြင်းအထန်ငြင်းဆိုခဲ့သည်။ သို့သော် စစ်ရေး အကဲခတ်သူ အများစုကတော့ တရုတ်နယ်စပ်ရှိ မြန်မာအစိုးရအား ဆန့်ကျင်သည့် လက်နက်ကိုင် အဖွဲ့များအား တရုတ်တို့က စစ်လက်နက်ပစ္စည်းများ ထောက်ပံ့သည့် သတင်းများသည် မှန်ကန်နိုင်ကြောင်း ယူဆခဲ့ကြသည်။


တရုတ်တို့အနေဖြင့် မြန်မာနိုင်ငံအပေါ် သဘောထားပြောင်းလဲသွားခြင်းနှင့် ပတ်သက်၍ နိုင်ငံရေး သုတေသီတစ်ဦးဖြစ်သူ

ဒေါက်တာမင်းနိုင်က တရုတ်တို့ ဆက်ဆံရေးပြောင်းလဲသွားခြင်းမဟုတ်ကြောင်း၊ ယခင်ကတည်းကပင် ၎င်းတို့၏ အကျိုးစီးပွားသာကြည့်ကြောင်း၊ ယခင်အစိုးရလက်ထက်က ၎င်းတို့၏ အကျိုးစီးပွားများကောင်းမွန် နေသောကြောင့် နယ်စပ်ဒေသ တည်ငြိမ်နေကြောင်းနှင့် ယခု မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်များ အောက်တွင် မြန်မာနိုင်ငံအား အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ ၀င်လာမှာကို တရုတ်တို့ လိုလားပုံမပေါ်ကြောင်း၊ ထို့ကြောင့် ယခုနောက်ပိုင်းတွင် တရုတ်မြန်မာနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များအား သိသိ သာသာထောက်ပံ့လာကြောင်း ပြောဆိုသွားသည်။ ယခင်က တိုက်ပွဲများမကြာခဏဖြစ်ပွားရာ ထိုင်းနယ်စပ်တွင် ယခုအခါ သေနတ်သံများပျောက်ကွယ်လာပြီး တရုတ်နယ်စပ်တွင် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာခြင်းက တရုတ်တို့သဘောထားမမှန်သည် ကိုပြသလျက်ရှိကြောင်းနိုင်ငံရေး

လေ့လာသူများမှ လေ့လာသူများမှ သုံးသပ်ခဲ့သည်။

အစိုးရနှင့် ကေအိုင်အေငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြာခဏရွှေ့ဆိုင်းနေခြင်း၊ ယခင် ထိုင်းနယ်စပ်တွင် အခြေပြုလှုပ်ရှားနေသော ရှမ်းသောင်းကျန်းသူများ တရုတ်နိုင်ငံနယ်စပ်တွင် အခြေပြုလာခြင်းတို့က မြန်မာနိုင်ငံအပေါ် တရုတ်တို့ထားရှိသည့် စိုးရိမ်စရာ သဘောထားကို ထင်ဟက်စေလာသည်ဟု ယူဆကြသည်။ ယခု လအစောပိုင်း ကလည်း ထိုင်းနိုင်ငံနယ်စပ်၊ လွယ်တိုင်းလျံတွင် အခြေစိုက်လျက်ရှိသော မူးယစ်ဆေးဝါးမှောင်ခို အဖွဲ့အဖြစ် ထင်ရှားသူ SSA ရွက်ဆစ်အဖွဲ့သည် ၎င်းတို့ဌာနချုပ်နှင့် မိုင်ပေါင်း ၃၀၀ ကွာဝေးသည့် နမ့်ခမ်းမြို့နယ်အနီး တရုတ် နယ်စပ်တွင် လာရောက်အခြေပြုခဲ့သည်။ ၎င်းရှမ်းသူပုန်တပ်ဖွဲ့ဝင်များ အနေဖြင့် တရုတ်မြန်မာ နယ်စပ်ရှိ တရုတ် ကျေးရွာများတွင် လွတ်လွတ်လပ်လပ် သွားလာနေကြသည်ကို ဒေသခံများက တွေ့မြင်ခဲ့ရသည်။


၎င်းတရုတ်နယ်စပ်သို့ နယ်မြေကျော်လွန်ရောက်ရှိလာသော ရှမ်းသူပုန်အဖွဲ့ကို အစိုးရစစ်တပ်မှ နယ်မြေ ရှင်းလင်းတိုက်ခိုက်ခဲ့ရာ SSA ရွက်ဆစ်အဖွဲ့ အားလုံး တရုတ်နိုင်ငံအတွင်းသို့ မော်တော်ယာဉ်များဖြင့် ထွက်ပြေး ၀င်ရောက် သွားကြောင်း ဒေသခံမျက်မြင် သက်သေများမှပြောကြားကြသည်။ တရုတ်တို့အနေဖြင့် ယခင်က တရုတ် မြန်မာ နယ်စပ်ရှိ သောင်းကျန်းသူများကို လက်နက်ခဲယမ်းများ၊ စစ်လက်နက် ပစ္စည်းများကိုသာ ထောက်ပံ့ပေးသည့် သတင်းများကို သာကြား သိခဲ့ရသော်လည်း ယခုသတင်းများအရ တရုတ်တို့ အနေဖြင့် မြန်မာအစိုးရအား ဆန့်ကျင် သည့် လက်နက်ကိုင် များကိုပါ လက်ခံနေကြသည်ကို

တွေ့ရှိလာရသည်။ တရုတ်အနေဖြင့် ယခင်က နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင် အချို့ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ပေးခြင်း၊ တရုတ်နိုင်ငံကူး လက်မှတ်ဖြင့် ပြင်ပသို့ ခရီးသွားလာခွင့်ပေးခြင်းများ ခွင့်ပြုပေးလေ့ ရှိသော်လည်း ယခုကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့ဝင် များအား နိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ပေးလာခြင်းမှာ အသွင်ကူးပြောင်းရေး အတွက် ဆောင်ရွက်နေသော မြန်မာနိုင်ငံအတွက် အလွန်စိုးရိမ်စရာ ကောင်းကြောင်းနိုင်ငံရေး သုတေသီဒေါက်တာ မင်းနိုင်မှပြောကြားခဲ့သည်။

ဗိုလ်ချို(ရွှေလီ)

SSA ရွက်ဆစ်အဖွဲ့တရုတ်နိုင်ငံအတွင့်သို့မော်တော်ယာဉ်များဖြင့်ထွက်ပြေးတိမ်းရှောင်နေစဥ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့