Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 16 July 2013

တရားမ၀င်ဆိုက်ကယ်များအရှိန်မြှင့်ဖမ်းဆီးအရေးယူ

 ရန်ကုန်   ဇူလိုင်   ၁၄

ရန်ကုန်တိုင်းဒေသကြီးအတွင်း   တရားမဝင်  စီးနင်းအသုံးပြုနေသော  လိုင်စင်မဲ့ဆိုင်ကယ်များနှင့် နယ်ကျော် စီးဆိုင်ကယ်များကို ဖမ်းဆီးအရေးယူ လျက်ရှိကြောင်း  ယာဉ်ထိန်းတပ်ဖွဲ့က တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

''ရန်ကုန်တိုင်းဒေသကြီးအတွင်း  တရားမဝင်လိုင်စင်နဲ့  စီးနင်းအသုံး ပြုခွင့်ပေးထားတဲ့ ဆိုင်ကယ်မရှိပါ ဘူး။ ဌာနဆိုင်ရာဆိုင်ကယ်အချို့  လောက် သာရှိပါတယ်။ အထူးသဖြင့် ရန်ကုန် မြို့တွင်း၊ မြို့ဆင်ခြေဖုံး တွေမှာ ဆိုင် ကယ်အသုံးပြုခွင့်မရှိပါဘူး။  ဒီအတွက် ကျွန်တော်တို့ ယာဉ်ထိန်းအဖွဲ့အနေနဲ့ နယ်ကျော်ဆိုင်ကယ်တွေနဲ့ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို   ဖမ်းဆီးအရေးယူ လျက်ရှိပါတယ်''ဟု ရန်ကုန် တိုင်း ဒေသ ကြီး အမှတ်(၂)တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယ ရဲမှူးအောင်ကြီးကရှင်းပြသည်။

''အထူးသဖြင့်   မြို့ဆင်ခြေဖုံး ရပ်ကွက်တွေမှာ လိုင်စင်မဲ့ဆိုင်ကယ်  တွေနဲ့  နယ်ကျော်ဆိုင်ကယ်တွေကို  လိုက်လံဖမ်းဆီးအရေးယူနေပါတယ်'' ဟု ၄င်းကဆက်လက်ရှင်းပြသည်။

လွန်ခဲ့သော   ရက်များအတွင်း ယာဉ်ထိန်းကင်းလှည့်အဖွဲ့က အင်းစိန် မြို့နယ်၌ ဆိုင်ကယ်ကိုးစီးနှင့် ရွှေပြည် သာမြို့နယ်အတွင်း  ဆိုင်ကယ်သုံးစီး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသော ဆိုင်ကယ်များ သည် လိုင်စင်မဲ့ဖြစ်ပါက အပြီးသိမ်း  မည်ဖြစ်ပြီး နယ်ကျော်ဖြစ်လျှင် ယာဉ်  စည်းကမ်းဒဏ်ကြေးငွေကျပ် ၅ဝဝဝဝ (ကျပ်ငါးသောင်း)နှင့် တရားရုံးဒဏ် ကြေး ငွေကျပ် ၁၅ဝဝ  ဒဏ်ရိုက်ခံရ နိုင်ကြောင်း သိရသည်။

ယခုအခါ ရန်ကုန်မြို့ ဆင်ခြေဖုံး မြို့နယ်များ၌လိုင်စင်မဲ့ဆိုင်ကယ်များ စီးနင်းလာသည်ကို မကြာခဏ တွေ့ရှိ ရသည်။   လိုင်စင်မဲ့ဆိုင်ကယ်နှင့် မတော်တဆတိုက်မှုများ   ဖြစ်ပွား လာပါက အရေးယူဆောင်ရွက်ရန် ခက်ခဲသဖြင့်  ဖမ်းဆီးအရေးယူမှုကို တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရ သည်။   ဒလနှင့်လှိုင်သာယာကဲ့သို့  အချို့သော နေရာများတွင် တရားဝင် လိုင်စင်ထုတ်ပေးထားသော  ဆိုက် ကားဂိတ်များတွင်    လိုင်စင်မဲ့ဆိုင် ကယ်များ  ဝင်ရောက်၍  ကယ်ရီ ပြေးဆွဲနေသဖြင့် ဆိုက်ကားနင်း သူများ     စီးပွားရေးထိခိုက်မှုများ    ဖြစ်လာ သည်ကိုလည်း ကြားသိနေရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့