Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 July 2013

ရွှေတိဂုံ စေတီတော်တွင် လုံခြုံရေး တိုးမြှင့်ချထား လျက်ရှိ


ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ရွှေတိဂုံ စေတီတော်မှာ လုံခြုံရေးများ တိုးမြှင့်ချထား လျက်ရှိတယ်လို့
သိရပါတယ်။ ဒီလို လုံခြုံရေး ချထားရာ မှာတော့ လုံခြုံရေး ၀န်ထမ်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်အားနဲ့ ဘုရားရဲအဖွဲ့တို့ ပူးပေါင်း ထားတယ်လို့ သိရပါတယ်။ ဒီလို ပူးပေါင်း ထားတဲ့ လုံခြုံရေး အင်အားဟာ ၂၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။ ယခုလို လုံခြုံရေး စတင်ချထား တာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က စတင်ပြီး ချထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေတိဂုံရဲ့ မုခ်ပေါင်းစုံ များမှာလည်း လုံခြုံရေး စစ်ဆေးရေး ဂိတ်များကို ထပ်မံ တပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလက်ရှိ မှာတော့ တောင်ဘက်မုခ်မှာ စတင် တပ်ဆင် ထားတယ်လို့ သိရပါတယ်။ ကျန်ရှိနေတဲ့ မုခ်ဦးများ ကိုတော့ ၀ါဆိုလပြည့်နေ့ မတိုင်မီ အပြီးတပ်ဆင် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက် တာဟာ ဘုရားဖူး ပြည်သူများ ဘေးအန္တရာယ်ကင်းစွာ ဘုရားဖူးနိုင်ဖို့ အတွက် ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှု အတွက်တော့ ပြည်တွင်း ပြည်ပ ဧည့်သည်များ အားလုံး အတွက် ဖြစ်ပြီး နိုင်ငံခြားသားများ အတွက် သီးသန့် ဆောင်ရွက်မှု များတော့ မရှိသေးဘူးလို့ သိရှိရ ပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့