Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 July 2013

လေကာတန်း သစ်ပင် စိုက်ပျိုးမှုအား ၃ နှစ်တာ စီမံကိန်းဖြင့် ဆောင်ရွက် လျက်ရှိ


သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း FREDA မှ သတင်းများ အရ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်
တို့မှာ လေကာတန်း သစ်ပင် စိုက်ပျိုးမှု တွေကို ၃ နှစ်တာ စီမံကိန်းနဲ့ စီမံဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါစီမံကိန်းမှာ သီးပင်စားပင်များ ဖြန့်ဝေခြင်း၊ ကချင်ပြည်နယ် သစ်တောများ ထိန်းသိမ်းခြင်း၊ အစုအဖွဲ့ပိုင် သစ်တောများ စိုက်ပျိုး တည်ထောင်ခြင်းတို့ ပါဝင်တာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အထူးအထွက်တိုး စပါး စိုက်ပျိုးခြင်း၊ ဒေသဖွံ့ဖြိုး သင်တန်း ပို့ချခြင်း များလည်း ပါဝင်တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ စီမံကိန်းတွေကို FREDA ဟာ ဂျာမနီနိုင်ငံ အခြေစိုက် EED အဖွဲ့အစည်းရဲ့ ရန်ပုံငွေနဲ့ ဆောင်ရွက် လျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်း ဒေသကြီးနဲ့ ကချင်ပြည်နယ် တို့မှာ ဆောင်ရွက် လျက်ရှိတဲ့ စီမံကိန်း တွေကတော့ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အောက်တိုဘာလက စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ စီမံကိန်း ပြီးစီးမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့