Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 July 2013

ပြီးခဲ့သည့် ဇွန်လ အတွင်း ရွှေတိဂုံ စေတီတော်သို့ ပြည်ပခရီးသွား ဧည့်သည် ၂၄၄၄၄ ဦး လာရောက် ဖူးမြော်ခဲ့


ပြီးခဲ့တဲ့ ဇွန်လ အတွင်းက ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသား ဧည့်သည်များ ၂၄၄၄၄ ဦး လာရောက် ဖူးမြော် ခဲ့တယ်လို့ ရွှေတိဂုံ ဂေါပက အဖွဲ့မှ
တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို လာရောက် ဖူးမြော်ရာ မှာတော့ ထိုင်းနိုင်ငံနဲ့ ကိုရီးယား နိုင်ငံမှ အများဆုံး လာရောက်ခဲ့ တာဖြစ်ပြီး ထိုင်းနိုင်ငံမှ ၄၄၀၈ ဦး၊ ကိုရီးယား နိုင်ငံမှ ၁၉၅၄ လာရောက် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ပြင်သစ် အစရှိတဲ့ နိုင်ငံများ မှလည်း လာရောက်ခဲ့ပြီး နီပေါ နိုင်ငံမှ ၂ ဦး၊ မက်ဆီကို နိုင်ငံမှ ၆ ဦး အနည်းဆုံး လာရောက် ခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း နိုင်ငံပေါင်းစုံမှ လာရောက် လည်ပတ်သူ ၂၂၄၄၄ ရှိပြီး ၀င်ကြေး အနေနဲ့ အမေရိကန် ဒေါ်လာ ၁၁၂၂၉၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇူလိုင် ၁ ရက်နေ့ကနေ ၁၀ ရက်နေ့ အထိ ရွှေတိဂုံ စေတီတော်ကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား ဧည့်သည် စုစုပေါင်း ၆၅၈၄ ဦးရှိနေပြီး အများစု ကတော့ ထိုင်းနိုင်ငံနဲ့ ကိုရီးယား နိုင်ငံတို့မှ အများဆုံးဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံနဲ့ လာအိုနိုင်ငံ တို့မှ အနည်းငယ်သာ လာရောက်တာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြားသား ဧည့်သည်များ သွားရေးလာရေး အဆင်ပြေ ဖို့အတွက် ရွှေတိဂုံ စေတီတော် လမ်းညွှန် စာစောင် ထုတ်ဝေဖို့ အတွက် ယခုလက်ရှိမှာ တင်ဒါများ ခေါ်ယူ ထားတယ်လို့ သတင်း ရရှိပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့