Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 July 2013

ယာဉ်များကို အင်္ဂလိပ် အက္ခရာ ပြောင်းလဲမှုများ ဆောင်ရွက် ပေးလျက်ရှိ


ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ မော်တော်ယာဉ်များကို တိုင်းဒေသကြီးနဲ့ ပြည်နယ် အတိုကောက်၊ အင်္ဂလိပ်
အက္ခရာများကို ယာဉ်များမှာ တပ်ဆင်ရန် ဇူလိုင်လ ၈ ရက်နေ့မှ စတင်ကာ ပြောင်းလဲ သတ်မှတ် လိုက်တာ ဖြစ်ပါတယ်။ အဆိုပါ တိုင်းဒေသကြီး၊ ပြည်နယ် အတိုကောက် အင်္ဂလိပ် အက္ခရာ တပ်ဆင်မှုကို ယာဉ်နံပါတ် မြန်မာလို ၄စ/၈၀၀၀ မှ အင်္ဂလိပ် အက္ခရာ 4F/8000 သို့ စတင် ပြောင်းလဲ ပေးနေတာဖြစ်ပြီး အငှားယာဉ်များ ကိုလည်း အင်္ဂလိပ် အက္ခရာ CC/2500 မှ စတင် ပြောင်းလဲ တပ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒီလို တပ်ဆင်ပေးရာမှာ ကနဦး မှတ်ပုံတင်တဲ့ ယာဉ်တွေကို ရန်ကုန်တိုင်း ဒေသကြီးမှာ YGN ဆိုပြီး သက်ဆိုင်ရာ ဒေသမှ ပြည်နယ်၊ တိုင်းဒေသကြီး ကုတ်နံပါတ်များ ရိုက်နှိပ် တပ်ဆင်ပြီး ပုံမှန်လိုင်စင် သက်တမ်း တိုးတဲ့ ကားတွေ ကိုတော့ Sticker များသာ ကပ်ပေးထားတာ ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ အဆိုပါ လိုင်စင် သက်တမ်း တိုးတဲ့ ကားတွေကိုပါ ကုတ်အက္ခရာ အသေရိုက်နှိပ် ပေးနိုင်အောင် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ကညန မြင်သာမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
 
ဒါ့အပြင် ယခုလို ဆောင်ရွက်မှု အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များ အလိုက် မူသေအမှတ် ဖေါင်းကြွ နံပါတ်ပြား များအား ပြုလုပ်ပေးနိုင်တဲ့ အလုပ်ရုံ များကိုလည်း တင်ဒါ ခေါ်ယူကာ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့