Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 July 2013

JCB Card ကို လာမည့် စက်တင်ဘာ လတွင် စတင် အသုံးပြုနိုင် တော့မည်


ပြည်တွင်းရှိ MPU Member Bank များမှာ JCB Card အသုံးပြုခွင့် အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်က Master License Agreement နဲ့
သဘောတူ စာချုပ်ကို Myanmar Payment Union နဲ့ JCB International (JCBI) တို့ လက်မှတ် ရေးထိုးခဲ့ကြပြီး ဖြစ်ပါတယ်။ အဆိုပါ သဘော တူညီချက် စာချုပ်အရ JCB Card များ ပြည်တွင်းက MPU Member Bank များရဲ့ ATM ငွေထုတ် စက်များမှာ စက်တင်ဘာ လခန့်မှာ စတင်ပြီး ငွေကြေးဆိုင်ရာ ကိစ္စများ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ MPU မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
 
ဒီလို JCB ကို MPU Network နဲ့ လက်တွဲ လုပ်ကိုင် လိုက်ပြီး ဖြစ်တဲ့ အတွက် JCB Card အသုံးပြုသူများ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါက နိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်းများနဲ့ ATM များမှာ အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ JCB ဟာ ဂျပန်နိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်ပြီး Credit Card ထုတ်ဝေခွင့်နှင့် ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီး တစ်ခု ဖြစ်ပါတယ်။
 
JCB Card များကို နိုင်ငံပေါင်း ၁၆ နိုင်ငံနဲ့ အချို့သော ဒေသများမှာ ထုတ်ဝေခွင့်ပြု ထားပြီး အသုံးပြုမှု အနေနဲ့ သန်း ၈၀ ကျော်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အခု JCB ဟာ MPU Network နဲ့ လက်တွဲ လုပ်ကိုင် လိုက်ပြီဖြစ်တဲ့ အတွက် JCB ကဒ် ကိုင်ဆောင်သူများ မြန်မာနိုင်ငံကို လာရောက်ပါက စက်တင်ဘာလမှ စတင်ကာ MPU Member Bank(17)Bank ရဲ့ ATM စက်တွေမှာ ငွေသား ထုတ်ယူ သုံးစွဲနိုင်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့