Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 July 2013

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မီးပွိုင့်များတွင် CCTV များ တပ်ဆင်သွားရန်ရှိ


ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မီးပွိုင့်များမှာ CCTV များ တပ်ဆင်သွားဖို့ ရှိတယ်လို့ ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့
ပြောကြားချက် အရ သိရပါတယ်။ အခုလက်ရှိမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မီးပွိုင့် နေရာပေါင်း ၂၂ နေရာမှာ CCTV များ တပ်ဆင်ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။ အခုလို မီးပွိုင့်များမှာ CCTV များ တပ်ဆင် ပေးရတာ ဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသူတွေ၊ ခရီးသည်တင် ယာဉ်မောင်းများက မှတ်တိုင်များ ကျော်ရပ်ခြင်းတွေ၊ ကားတစ်စီးနဲ့ တစ်စီး ပြိုင်မောင်းခြင်း အစရှိတာ တွေကို တွေ့မြင်နိုင်အောင် မီးပွိုင့်များမှာ CCTV များ တပ်ဆင် ပေးတာ ဖြစ်ပါတယ်။
 
အခုလက်ရှိ အချိန် မှာတော့ CCTV များကို ထပ်ပြီး တပ်ဆင် ပေးနိုင်ဖို့ စီစဉ်နေပြီး အဆိုပါ CCTV များ တပ်ဆင်ပေးမှုကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နဲ့ ပုဂ္ဂလိက ကုမ္ပဏီများရဲ့ အစီအစဉ်နဲ့ တပ်ဆင်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ CCTV တပ်ဆင် ပေးခြင်းကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှု တွေကို တာဝန်ရှိ သူတွေမှ တိတိကျကျ အရေးယူ နိုင်မှာ ဖြစ်သလို ယာဉ်မောင်း များမှ စည်းကမ်းရှိစွာ မောင်းနှင်ပါက ယာဉ်အန္တရာယ် ကင်းဝေး နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့