Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 7 July 2013

မြွေဆိပ်ဖြေဆေး အလုံး ငါးသောင်း အထိ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထား

ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးရဲ့ ပြောကြားချက် အရ ၂၀၁၃-၂၀၁၄ ဘဏ္ဍနှစ်နဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး
နှစ်များမှာ မြွေဆိပ်ဖြေဆေး အလုံး ငါးသောင်း အထိ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ် ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်မှာတော့  ပြည်ပမှ ၀ယ်ယူဖို့ မလိုတော့ဘဲ ပြည်တွင်း ထုတ်လုပ်မှုနဲ့ မြွေဆိပ်ဖြေဆေးများကို ဖြည့်တင်းနိုင်ဖို့ အတွက် လိုအပ်တဲ့ တည်ဆောက်ရေး လုပ်ငန်းများနဲ့ စက်ပစ္စည်းများ ၀ယ်ယူ တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ဖို့ အတွက်လည်း ငွေလုံးငွေရင်း အသုံးစရိတ်မှာ တင်ပြတောင်းခံ ဆောင်ရွက် လျက်ရှိတယ် လို့လည်း သိရပါတယ်။

ဒါ့အပြင် စက်မှုဝန်ကြီးဌာန အနေနဲ့ ကျန်းမာရေး ၀န်ကြီးဌာနနဲ့  ညှိနှိုင်းချက် အရ ပြည်တွင်းမှာ တစ်နှစ်လျှင် မြွေပွေး အဆိပ်ဖြေဆေး ငါးသောင်းခန့်နဲ့ မြွေဟောက် အဆိပ်ဖြေဆေး ငါးထောင်ခန့် လိုအပ် နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်း မှာတော့ စက်မှုဝန်ကြီး ဌာန အနေနဲ့ မြွေပွေး အဆိပ်ဖြေဆေး နှစ်သောင်း ရှစ်ထောင် တစ်ရာ ရှစ်ဆယ့်ရှစ်လုံးနဲ့ မြွေဟောက် အဆိပ်ဖြေဆေး တစ်ထောင် ရှစ်ရာ တစ်ဆယ့်နှစ်လုံး စုစုပေါင်း အလုံး သုံးသောင်း ထုတ်လုပ် နိုင်ခဲ့တယ် လို့လည်း သိရပါတယ်။


ဒါပေမယ့် ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့ ကျန်တဲ့ လိုအပ်ချက်တွေ ကိုတော့ ပြည်ပမှ တင်သွင်းခဲ့ရပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်း မြွေဆိပ် ဖြေဆေး အလုံး ရှစ်သောင်းခန့် ပြည်ပမှ တင်သွင်း ခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီဆေးတွေ ကိုတော့  မြွေကိုက်ခံရမှု အများဆုံး ဒေသများရှိ ဆေးရုံ၊ ဆေးခန်း များသို့ ပေးပို့ထားတယ် လို့လည်း သိရပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် အမှတ် ၁ ဆေးဝါးစက်ရုံ ရန်ကုန်မှာ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု ဌာနခွဲကို တိုးချဲ့ တည်ဆောက် ထားပြီး WHO GMP စနစ် ဒါမှမဟုတ် Pharmaceutical Inspection Co.operation Scheme(PICIS) နဲ့အညီ မြွေဆိပ် ဖြေဆေးများ ထုတ်လုပ်ရေးကို စီမံ ဆောင်ရွက် လျက်ရှိတယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့