Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 7 July 2013

ပျိုးပင် ၁၅ သန်းအား အခမဲ့ဖြန့်ဝေ ပေးသွားရန်ရှိ

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ပြည်တွင်းမှာ သစ်တော၊ သစ်ပင်များ ပိုမိုများပြား လာစေဖို့ ရည်ရွယ်ပြီး ပျိုးပင် ၁၅ သန်းကို
သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များ အလိုက် အခမဲ့ ဖြန့်ဝေပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဖြန့်ဝေရာမှာ ပျိုးပင် အမျိုးအစား များဟာ ကျွန်းနဲ့ ပျဉ်းကတိုး အပါအ၀င် အခြား သစ်မျိုးစုံ ပျိုးပင်များလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီလို အခမဲ့ဖြန့်ဝေမှုများ ဆောင်ရွက်ရာ မှာတော့ ကချင်ပြည်နယ် အတွက် ပျိုးပင် တစ်သိန်း ငါးသောင်း၊ ကယားပြည်နယ် အတွက် တစ်သိန်း ငါးသောင်း ဖြန့်ဝေပေး သွားမှာဖြစ်ပြီး ကရင် ပြည်နယ် အတွက် ပျိုးပင် လေးသိန်း၊ ချင်းပြည်နယ် အတွက် ပျိုးပင် နှစ်သိန်း ဖြန့်ဝေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ဒေသကြီး အတွက် ပျိုးပင် ရှစ်သိန်း၊ တနင်္သာရီတိုင်း ဒေသကြီး အတွက် ပျိုးပင် သုံးသိန်း၊ ပဲခူးတိုင်း ဒေသကြီး အတွက် ပျိုးပင် နှစ်သန်း ၊ မကွေးတိုင်း ဒေသကြီး အတွက် ပျိုးပင် နှစ်သန်း ငါးသိန်း၊ မန္တလေးတိုင်း ဒေသကြီး အတွက် ပျိုးပင် နှစ်သန်း လေးသိန်း ဖြန့်ဝေပေး သွားမှာ ဖြစ်ပါတယ်။


ဆက်လက်ပြီး  နေပြည်တော် အတွက် ပျိုးပင် သုံးသိန်း၊ မွန်ပြည်နယ် အတွက် ပျိုးပင် သုံးသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး အတွက် ပျိုးပင် တစ်သန်း သုံးသိန်း၊ ရှမ်းပြည်နယ် အတွက် ပျိုးပင် တစ်သန်း ခြောက်သိန်း၊ ဧရာဝတီတိုင်း ဒေသကြီး အတွက် ပျိုးပင် တစ်သန်း ခြောက်သိန်း အပါအ၀င် နေပြည်တော်ရှိ သစ်တော ဦးစီးဌာနမှ ပျိုးပင် တစ်သိန်း ငါးသောင်းနဲ့ သစ်တော သုတေသနဌာန ပျိုးဥယျာဉ်များမှ ပျိုးပင် တစ်သိန်း ငါးသောင်း တို့ကိုပါ အခမဲ့ဖြန့်ဝေ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပျိုးပင်များကို အခမဲ့ ထုတ်ယူပြီး မိုးရာသီ သစ်ပင်စိုက်မှုမှာ ပါဝင်ဆောင်ရွက် လိုသူတွေ အနေနဲ့ သက်ဆိုင်ရာ မြို့နယ် သစ်တော ဦးစီးဌာန ရုံးများကို ဆက်သွယ်ပြီး ပျိုးပင်များ အခမဲ့ ထုတ်ယူ နိုင်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့