Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 7 July 2013

ပြည်တွင်းသို့ မလေးရှား နိုင်ငံရောက် မြန်မာလုပ်သား အချို့ ထပ်မံ ပြန်လည် ရောက်ရှိလာ

မလေးရှား နိုင်ငံရောက် မြန်မာ အလုပ်သမား များကို အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း MAI မှ အခမဲ့ အစီအစဉ်နဲ့ ပြန်လည် ခေါ်ယူပေး လျက်ရှိပြီး
ယခု ဒုတိယ အကြိမ်မှာလည်း သီတဂူ ဆရာတော် ဦးဆောင်တဲ့ သီတဂူ အထောက်အကူပြု အဖွဲ့(မလေးရှား)နဲ့ ကမ္ဘောဇ ဘဏ်လီမိတက် တို့ရဲ့ ပူးပေါင်း လှူဒါန်းမှု အစီအစဉ်နဲ့ ဇူလိုင်လ ၅ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့မှ ရန်ကုန်မြို့ကို လုပ်သားများ ပြန်လည် ရောက်ရှိ လာတယ်လို့ သိရပါတယ်။

ယခု မှာတော့ မလေးရှားရောက် မြန်မာ အလုပ်သမားပေါင်း ၁၅၉ ဦးကို ပြန်လည် ခေါ်ဆောင် ပေးခဲ့တာ ဖြစ်ပြီး MAI အနေနဲ့ ပထမအကြိမ် ကလည်း အလုပ်သမား ၁၇၅ ဦးကို ပြန်လည် ခေါ်ဆောင် ပေးခဲ့ပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒါကြောင့် MAI အနေနဲ့ မလေးရှား ရောက်မြန်မာ အလုပ်သမားပေါင်း စုစုပေါင်း ၃၃၀ ကျော်ကို ပြည်တွင်းသို့ ပြန်လည် ခေါ်ဆောင် ပေးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။


ဒါ့အပြင် MAI အနေနဲ့ မလေးရှားရောက် မြန်မာအလုပ် သမားများနဲ့ ပတ်သက်ပြီးရှေ့ဆက် ကူညီပေး သွားမယ်လို့ သိရှိရပါတယ်။ MAI အနေနဲ့ ကမ္ဘောဇဘဏ် ကုမ္ပဏီလိမိတက်နဲ့ ပူးပေါင်းပြီး မလေးရှား နိုင်ငံမှာ ကျန်ရှိ နေတဲ့ မြန်မာ အလုပ်သမားများကို အခမဲ့ အစီအစဉ်များနဲ့ ထပ်မံခေါ်ဆောင် ပေးသွားဖို့ ရှိတယ် လို့လည်း သိရှိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့