Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 July 2013

နိုင်ဂျီးရီးယား စာသင်ကျောင်းကို အစ္စလာမ္မစ် စစ်သွေးကြွများ တိုက်ခိုက်၊ ကျောင်းသားများအား အရှင်လတ်လတ်မီးရှို့

 လာဂို့လ်၊ ဇူလိုင် ၆

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ယိုဘေပြည်နယ်ရှိ စာသင်ကျောင်း တစ်ခုကို အစ္စလာမ္မစ် စစ်သွေးကြွ များဟု ယူဆရသူများ အရုဏ်တက်ချိန်တွင် ဝင်ရောက် တိုက်ခိုက်သွားပြီး အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်မှု များ၊ သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ် ခဲ့ခြင်းကြောင့် ကျောင်းသား ၂၉ ဦးနှင့် ဆရာ တစ်ဦး သေဆုံးသွားကြောင်း BBC တွင် ဖော်ပြထားသည်။

အချို့သော ကျောင်းသားများကို စစ်သွေးကြွများက အရှင်လတ်လတ် မီးရှို့ သတ်ခဲ့ကြောင်း မျက်မြင် တွေ့ရှိသူများက ပြောကြားသွားသည်။

တိုက်ခိုက်မှု ဖြစ်ပွားရာ အရပ်အနီးရှိ ဆေးရုံတွင် ထိတ်လန့် တုန်လှုပ်နေသော မိဘများက မီးလောင် ဒဏ်ရာဖြင့် သေဆုံးသွားသော သားသမီးများ၏ အလောင်းများကို ခွဲခြား သိရှိနိုင်ရန် ကြိုးပမ်းနေကြောင်း AP သတင်းတွင် ဖော်ပြထားသည်။

လက်နက်ကိုင် စစ်သွေးကြွများက ဆီအပြည့် ဖြည့်ထားသော ပုံးများဖြင့် စာသင်ကျောင်းသို့ ရောက်ရှိလာပြီး ကျောင်းကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း အသက်ရှင် ကျန်ရစ်သူများက ပြောကြား သွားသည်။

ကျောင်းသားများကို စစ်သွေးကြွများက အရှင်လတ်လတ် မီးရှို့ သတ်ခဲ့ပြီး ထွက်ပြေးသော ကျောင်းသားများကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ်မှ စတင်၍ နိုင်ဂျီးရီးယားနိုင်ငံတွင်းရှိ စာသင်ကျောင်း ဒါဇင်ပေါင်းများစွာကို အစ္စလာမ္မစ် စစ်သွေးကြွများက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ အတွင်းကလည်း အစ္စလာမ္မစ် စစ်သွေးကြွများ၏ ပုန်ကန်မှု ပေါ်ပေါက်လာ ခြင်းကြောင့် နိုင်ဂျီးရီးယား ပြည်နယ် သုံးခု၌ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာခဲ့ရပြီး တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စေလွှတ်ခဲ့ရသည်။

စာသင်ကျောင်း တိုက်ခိုက်မှု ဖြစ်ပွားရာ ယိုဘေ ပြည်နယ်သည် အရေးပေါ် အခြေအနေ ကြေညာ ထားသည့် ပြည်နယ် သုံးခုအနက် တစ်ခု ဖြစ်သည်။

အဆိုပါ ဒေသတွင်း ကိုဘိုဟာရမ် စစ်သွေးကြွ အုပ်စု၏ တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း ဘီဘီစီ သတင်းထောက် ဝီလီယံရို့က ပြောကြားသည်။

မွတ်ဆလင်အများစု နေထိုင်ရာ နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် အစ္စလာမ္မစ်နိုင်ငံ တည်ထောင်နိုင် ရန် ရည်ရွယ်ပြီး ဘိုကိုယာရမ် အဖွဲ့က လက်နက်ကိုင် တော်လှန်နေခြင်းကြောင့် ၂၀၁၂ ခုနှစ်မှ စ၍ လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့