Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

အမေရိကန် နိုင်ငံသားများ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဒေသများသို့ မသွားရန် သတိပေးပြောကြား


ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ အမေရိကန် သံရုံး ၀န်ထမ်းများနှင့် အမေရိကန်နိုင်ငံ သားများ အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း
အယ်ကိုင်ဒါများနှင့် ဆက်စပ်နေသူများ ခိုလှုံနေသည်ဟု သံသယရှိသည့် Davao မြို့ Cotabato မြို့နှင့် Zamboanga မြို့များသို့ မလိုအပ်ဘဲ ခရီးမသွားရန် သတိပေးစာ ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၅ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Mindanao ပြည်နယ်မှ ကျွန်းတစ်ကျွန်းဖြစ်သည့် Zamboanga ပြည်နယ်တွင် လက်ဝဲ အစွန်းရောက် ပြည်သူ့တပ်ဖွဲ့ ဖြစ်သည့် Moro Islamic Liberation Front (MILF) အဖွဲ့၏ ချုံခို တိုက်ခိုက်မှုကြောင့် ဖိလစ်ပိုင်တပ်စိတ်မှ ခေါင်းဆောင် တပ်ကြပ်ကြီး တစ်ဦး သေဆုံးခဲ့ရသည်။ လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသော လက်ဝဲအစွန်းရောက် ပြည်သူ့တပ်ဖွဲ့ဝင် ၁၅ ဦးက ဖိလစ်ပိုင် တပ်ဖွဲ့ဝင်များကို စောင့်ကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် တပ်ဖွဲ့ဝင်များ အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဒေသများတွင် ဆယ်စုနှစ် တစ်ခုနီးပါးကြာမျှ တပ်စွဲကာ ဒေသခံ တပ်ဖွဲ့ဝင်များကို စစ်ရေး လေ့ကျင့်ပေးလျက် ရှိသည်။

http://www.foxnews.com/world/2013/07/06/us-warns-against-travel-to-south...


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့