Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

ရန်ကုန်မြို့တွင်းရှိ သမိုင်းဝင် အဆောက်အဦး များအား ပြန်လည် အသုံးချခြင်းဖြင့် ဇုန်အလိုက် ခွဲခြားကာ စီမံကိန်းများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် သွားရန်ရှိ


မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း မှာပါရှိတဲ့ မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာ အရ ရန်ကုန်မြို့တွင်း မှာရှိတဲ့ သမိုင်းဝင် အဆောက်အဦး များကို
ပြန်လည် အသုံးချခြင်းဖြင့် မြို့ပြ ပြန်လည် ဖွံ့ဖြိုးမှု စီမံကိန်းများ အတွက် ဇုန်အလိုက် ခွဲခြားကာ စီမံကိန်းများ ပါဝင်တဲ့ လမ်းညွှန်ချက် များနဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အခုလို ဆောင်ရွက်ရာ မှာလည်း သမိုင်းဝင် နေရာများအား ထိန်းသိမ်းကာ ပြန်လည် အသုံးချခြင်းဖြင့် နိုင်ငံတကာ အလယ်မှာ ဆွဲဆောင်မှု ရှိတဲ့ ခေတ်မီမြို့တော် ၀န်းကျင် တစ်ခုဖြစ်လာ စေဖို့ အတွက် သမိုင်းဝင်နှင့် ယဉ်ကျေးမှု အမွေအနှစ် များအား မှတ်တမ်းတင် စာရင်း ပြုစုခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ရေး စီမံကိန်းများ အတွက် စီမံခန့်ခွဲမှု အစီအစဉ်များ ချမှတ် အကောင်အထည် ဖော်ခြင်း အစရှိတာတွေ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
 
ဒါတင်မကပဲ ယဉ်ကျေးမှု ဆိုင်ရာ အဆောက်အဦးများ ဆောက်လုပ်ဖို့ အတွက် ကျွမ်းကျင် ပညာရှင် လူ့အရင်းအမြစ်များ ဖော်ထုတ်ခြင်း၊ မြို့ပြပုံစံများနှင့် သမိုင်းဝင် အဆောက်အဦး များအား ပြန်လည် ဆန်းသစ်မှုများ အကောင်အထည် ဖော်ခြင်း အစရှိတာ တွေကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့