Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

နယူးဇီလန်နိုင်ငံမှ မြန်မာ့နို့စားနွား မွေးမြူရေး အတွက် အမေရိကန် ဒေါ်လာသန်း ၈၀ နီးပါးခန့် ကူညီ သွားရန်ရှိ


မြန်မာနိုင်ငံရဲ့ နို့စားနွား မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေဖို့ အတွက် နယူးဇီလန် နိုင်ငံမှ အမေရိကန် ဒေါ်လာသန်း ၈၀ နီးပါးခန့် အကူအညီ ပေးသွားဖို့
ရှိတယ်လို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ မြန်မာနိုင်ငံနဲ့ နယူးဇီလန် နိုင်ငံတို့ရဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တစ်ခု အနေနဲ့ မြန်မာ နို့စားနွား မွေးမြူရေး လုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင် ဆောင်ရွက်နိုင်ရေး၊ ခေတ်မီ နို့စားနွား မွေးမြူရေး လုပ်ငန်းများနဲ့ နို့စားနွား မွေးမြူရေး ခြံများ ထူထောင် တည်ဆောက်ရေး လုပ်ငန်းများ အတွက် ငွေကြေး အကူအညီများ အပြင် နည်းပညာ အကူအညီများကို ပေးဖို့ အတွက် စီစဉ်ဆောင်ရွက် လျက်ရှိ တာဖြစ်တယ်လို့ သိရပါတယ်။
 
အခုလို နည်းပညာများနဲ့ ငွေကြေး အကူအညီများ ရရှိခဲ့ပါက မြန်မာနိုင်ငံရဲ့ နို့စားနွား မွေးမြူရေး လုပ်ငန်းများနဲ့ နို့ထွက်ပစ္စည်းများကို အဆင့်မီ ထုတ်လုပ် နိုင်မှာ ဖြစ်သလို ပြည်ပမှ နို့ထွက်ပစ္စည်း များတင်သွင်းမှု လျော့နည်း လာမှာဖြစ်ပြီး တင်သွင်း ကုန်ကျမှုစရိတ် အမေရိကန် ဒေါ်လာ ၄၀ အထိ လျော့ချနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ နှစ်စဉ် နွားကောင်ရေ ငါးသိန်းခန့်မှ နွားနို့ ကီလိုဂရမ်ပေါင်း ၁.၅ ဘီလီယံနှင့် နို့ဆီ ကီလိုဂရမ် နှစ်သောင်း နှစ်ထောင်ကျော်ကို ထုတ်လုပ်လျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နို့စားနွား မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက် လာစေရေး၊ နို့စားနွား မွေးမြူရေး ခြံများ ထူထောင်ကာ တန်ဖိုးမြင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်စေရေး အတွက် ငါးနှစ် စီမံကိန်း တစ်ရပ် ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိတာ ဖြစ်တယ်လို့ သိရှိရပါတယ်။
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့