Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

နိုင်ငံတကာ ကုန်သွယ်မှု၏ အဓိက အခန်းကဏ္ဍတွင် ရေကြောင်း ကဏ္ဍ ပါဝင်နေ


ရေကြောင်း ဦးစီးဌာန ရေကြောင်း တက္ကသိုလ်နဲ့ စင်္ကာပူ နိုင်ငံ ဂျိုးဆက်တန်ဂျိတ်ဘယ်ရီ JTJB ဥပဒေ အကျိုးဆောင် အဖွဲ့တို့ ပူးပေါင်း ကျင်းပတဲ့ မြန်မာ
အပြည်ပြည်ဆိုင်ရာ ရေကြောင်း ဥပဒေ ဆွေးနွေးပွဲမှ ပြောကြားချက် အရ နိုင်ငံတကာ ကုန်သွယ်မှုရဲ့ အဓိက အခန်းကဏ္ဍမှာ ရှိနေတဲ့ ရေကြောင်း ကဏ္ဍကို မြန်မာနိုင်ငံမှာ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်မှုဟာ အရေးကြီးတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ရေကြောင်း ကဏ္ဍဟာ အရေးကြီးတဲ့ အတွက် မြန်မာ့ရေကြောင်း ကဏ္ဍမှာ ပြည်ပက တိုက်ရိုက် ရင်းနှီးမှုကို တိုးမြှင့်ပေး နိုင်မယ့် ရေကြောင်း ဥပဒေ မူကြမ်း တစ်ခု ကိုလည်း အဆိုပါ ဆွေးနွေးပွဲမှာ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယေဘုယျ အနေနဲ့ မြန်မာနိုင်ငံရေး ဥပဒေ စနစ်ကို ဓလေ့ထုံးတမ်း ဥပဒေ နည်းပြ အခြားလက်ရှိ သုံးစွဲနေတဲ့ ဥပဒေ တွေကို ပေါင်းစပ် ထားပြီး မြန်မာ ရေကြောင်း ဥပဒေ ၁၉၂၃ ကို ဗြိတိန် ရေကြောင်း ဥပဒေမှာ အခြေခံ ထားပြီး ၁၉၅၄ မှာ ပြန်လည် ပြဋ္ဌာန်း ခဲ့ပါတယ်။

၁၉၈၉၊ ၁၉၉၇ နဲ့ ၂၀၀၇ တို့မှာ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ရေကြောင်း မှတ်ပုံတင် စနစ်ဆိုင်ရာ ဥပဒေကို ၂၀၀၃ မှာ ပြင်ဆင်ခဲ့ပြီး ယခုအချိန်မှာ အဆိုပါ ဥပဒေကို ပြန်လည် ပြင်ဆင်မလား အသစ်ပြဋ္ဌာန်းမလား ဆိုတာကို အဆိုပါ ညီလာခံမှာ ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပို့ဆောင်ရေး ၀န်ကြီးဌာန အနေနဲ့ သီလ၀ါ ဆိပ်ကမ်း၊ ထားဝယ် ရေနက် ဆိပ်ကမ်းနဲ့ ရေအဖြူ၊ ရေနက် ဆိပ်ကမ်းနှင့် အထူး စီးပွားရေး တို့ကို တည်ထောင် အကောင်အထည် ဖော်နေပြီး စီမံကိန်းကြောင့် အလုပ်ကိုင် အခွင့်လမ်းတွေနဲ့ မြန်မာ့စီးပွားရေး ကဏ္ဍတို့ကို တိုးတက်စေမှာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့