Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

Myanmar International Maritime Forum ကျင်းပပြုလုပ်ခဲ့


ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်နဲ့ စင်္ကာပူနိုင်ငံ အခြေစိုက် Joseph Tan Jude Berry(JTJB)
ဥပဒေ အကျိုးဆောင် အဖွဲ့တို့ ပူးပေါင်းပြီး Myanmar International Maritime Forum ကို ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ မြန်မာအပြည်ပြည်ဆိုင်ရာ ရေကြောင်း ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံ ရေကြောင်း ဆိုင်ရာ အခန်းကဏ္ဍ အသီးသီးနဲ့ ဥပဒေပြုမှု ဆိုင်ရာ ဖွဲ့စည်းမှု အပေါ် ခြုံငုံ သုံးသပ်ချက် များကို သိရှိနားလည် စေဖို့ ပထမဦးဆုံး အကြိမ် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါ Forum မှာ မြန်မာနိုင်ငံ ရေကြောင်း ဆိုင်ရာ အခန်း ကဏ္ဍနဲ့ လက်ရှိဥပဒေပြု ချမှတ် ထားတဲ့ ဖွဲ့စည်းမှု အပေါ် ခြုံငုံ သုံးသပ်ချက် ခေါင်းစဉ်နဲ့ လည်းကောင်း၊ ရေကြောင်း ဆိုင်ရာ အာမခံမှု ခေါင်းစဉ်နဲ့ လည်းကောင်း JTIB မှ သင်္ဘောများ အတွက် ငွေကြေး ဆိုင်ရာ ကိစ္စများ၊ ရေယာဉ် တည်ဆောက်ခြင်းနဲ့ မြန်မာနိုင်ငံ သင်္ဘောများ မှတ်ပုံတင်ခြင်း ခေါင်းစဉ်နဲ့ လည်းကောင်း သက်ဆိုင်ရာ များမှ စာတမ်းများအား အသီးသီး ဖတ်ကြား တင်ပြခဲ့တာ ဖြစ်ပါတယ်။
 
ဒီလို ဆွေးနွေးပွဲမှ မြန်မာနိုင်ငံ ရေကြောင်း အခန်း ကဏ္ဍနဲ့ပတ်သက်တဲ့ လက်ရှိ တည်ဆဲ ဥပဒေများ၊ အာမခံ လုပ်ငန်းများ၊ သင်္ဘော တည်ဆောက်ခြင်း၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိန်းသိမ်း ကာကွယ်မှု များကို အပြန်အလှန် ဆွေးနွေးကြခြင်းဖြင့် ပိုမိုသိရှိ နားလည်ကာ လိုအပ်တဲ့ ဥပဒေ ပြင်ဆင်မှုများ ဥပဒေ အသစ်များ ပြဋ္ဌာန်းခြင်းကို အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင် မှာဖြစ်တယ်လို့ သိရှိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့