Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

အကြမ်းဖက်မှု တားဆီး ပပျောက်ရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက် သွားမည်


မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် အနေနဲ့ မြန်မာအမျိုးသမီးများ အကြမ်းဖက်ခံရမှု တားဆီး ပပျောက်ရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ အမျိုးသမီးငယ်များ ကြားမှာ အများဆုံး ဖြစ်ပေါ် တတ်တဲ့ နည်းမျိုးစုံနဲ့ အကြမ်းဖက် ခံရတဲ့ ပြဿနာများနဲ့ ပတ်သက်ပြီး ဟောပြောပွဲများ ပြုလုပ် သွားမှာဖြစ်ပြီး အဆိုပါ ပြဿနာနဲ့ ဆက်နွယ်တဲ့ ၀တ်စား ဆင်ယင်မှုဆိုင်ရာ ကိစ္စများ၊ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းရေး ဆိုင်ရာ ဓလေ့ ထုံးစံများကို လေးစားမြတ်နိုး တန်ဖိုးထား စေနိုင်ဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

ဟောပြော ဆွေးနွေးရာ မှာတော့ တိုင်းနဲ့ပြည်နယ် အသီးသီးရှိ ကျောင်းများ၊ စက်ရုံများနဲ့ ရပ်ကွက်များ အစရှိတဲ့ နေရာများမှ အမျိုးသမီးငယ်များကို စုဝေးကာ ဟောပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် အနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိတဲ့ ကဏ္ဍများမှာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် လျက်ရှိတာ ဖြစ်သလို ယခုနောက်ပိုင်းများ အဖြစ်များ လာတဲ့ နည်းမျိုးစုံနဲ့ အကြမ်းဖက်မှု လုပ်ငန်းများ၊ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်း များနဲ့ ပြန်လည်ပြု စုပျိုးထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမှာ ဖြစ်ပြီး အကြမ်းဖက်ခြင်း ဆိုင်ရာ ဟောပြောပွဲများ၊ ဆောင်းပါးဝတ္ထုများနဲ့ အမျိုးသမီး စွမ်းဆောင်ရှင် များကို ဖိတ်ကြားကာ အကြမ်းဖက် ခြင်းဆိုင်ရာနဲ့ နည်းဥပဒေ ကာကွယ်ရေး ဆိုင်ရာများကို ရေဒီယို၊ ရုပ်သံလိုင်းများမှ တစ်ဆင့် အသိပညာ ပေးနိုင်ဖို့ အတွက် ဆောင်ရွက် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့