Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

လုပ်ငန်းရှင်များ အနေဖြင့် မိမိလုပ်ငန်းတွင် ခန့်ထား လိုသည့် IT ပညာရှင်များအား Myanmar-Korea IT Center တွင် လျှောက်ထားနိုင်


အိုင်တီ နည်းပညာရပ် တွေကို နားလည် တတ်ကျွမ်းတဲ့ လူငယ်တွေကို သက်ဆိုင်ရာ ကုမ္ပဏီတွေမှာ ခန့်ထားလိုတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့
မြန်မာအင်ဖိုတက်ခ်မှာရှိတဲ့ Myanmar -Korea IT Center မှာ လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီလို လျှောက်ထား ရာမှာ ဇူလိုင်လ ဒုတိယပတ် အထိ လျှောက်ထား နိုင်ပြီး လျှောက်ထားတဲ့ ကုမ္ပဏီ လုပ်ငန်းတွေ အတွက် အိုင်တီ နည်းပညာ တတ်ကျွမ်းသူ လူငယ်တွေကို သက်ဆိုင်ရာ ကုမ္ပဏီ အသီးသီးမှာ ခန့်ထားပေးမှာ ဖြစ်ပြီး လက်ရှိ အချိန် မှာတော့ Myanmar-Korea IT Center မှာ အိုင်တီ လူငယ်ပညာရှင် အယောက် ၂၀ ကို ရွေးရှိထားတာ ဖြစ်ပါတယ်။
 
အဆိုပါ အိုင်တီလူငယ် ပညာရှင်တွေကို လိုအပ်တဲ့ ကုမ္ပဏီ အသီးသီးမှာ ခန့်ထားချိန်တွေမှာ On Job Training အဖြစ် စတင် ခန့်ထားမှာ ဖြစ်ပြီး အဆိုပါ ကာလ အတွင်း လစာငွေ ကိုတော့ အလုပ်ခန့် ထားတဲ့ ကုမ္ပဏီက ပေးစရာ မလိုပဲ Myanamr-Korea IT Center မှ ကန့်သတ် ထားတဲ့ ကာလ ဖြစ်တဲ့ နိုဝင်ဘာလကုန် အထိ ပေးသွားမှာ ဖြစ်ပါတယ်။ အခုလိုမျိုး လိုအပ်တဲ့ နေရာတွေမှာ အိုင်တီလူငယ် ပညာရှင်တွေကို ထောက်ပံ့ ကူညီခြင်းဟာ ပြည်တွင်းရဲ့ ICT လုပ်ငန်း ကဏ္ဍနဲ့ လူ့စွမ်းအား အရင်းအမြစ်များ တိုးတက်ပြီး လုပ်ငန်း ပိုမိုတွင်ကျယ် အဆင်ပြေစေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ Myanmar-Korea IT Center မှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့