Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

မြန်မာဗီဒီယိုကားများ အသက်အရွယ် အလိုက် ကြည့်ရှုနိုင်ရန် စံသတ်မှတ် ချက်များ ဆွေးနွေး လျက်ရှိ


မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥကဋ္ဌရဲ့ ပြောကြားချက် အရ မြန်မာ ဗီဒီယိုကားများကို အသက်အရွယ် အလိုက် ကြည့်ရှုနိုင်ဖို့ စံသတ်မှတ်ချက်များ
ဆွေးနွေးမှုတွေ ပြုလုပ် လျက်ရှိတယ်လို့ သိရပါတယ်။ ဒီလို အသက်အရွယ် အလိုက် ကြည့်ရှုဖို့ စံနှုန်း သတ်မှတ်မှုတွေ ကိုတော့ နိုင်ငံတကာမှာ သတ်မှတ် ထားတဲ့ စံချိန်စံနှုန်း နဲ့အညီ သတ်မှတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ယခု လက်ရှိ ပရိသတ် အနေအထားနဲ့ တိုင်းပြည် အနေအထား အရ စံနှုန်း သတ်မှတ်မှုများ ကိုတော့ အကြိမ်ကြိမ် ဆွေးနွေး ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အခုလို စံသတ်မှတ်မှု များကို ဆောင်ရွက်ပါက မိဘ အုပ်ထိန်းသူရဲ့ ခွင့်ပြုချက်နဲ့ ကြည့်ရှုဖို့၊ ၁၈ နှစ်အောက် ကြည့်ရှုရန် မသင့်၊ ၁၃ နှစ်အောက် ကြည့်ရှုရန် မသင့်၊ ၁၅ နှစ်အောက် ကြည်ရှုရန် မသင့်နဲ့ လုံးဝကြည့်ရှုရန် မသင့် အစရှိတဲ့ အဆင့်ဆင့် သတ်မှတ်မှုများ ပြုလုပ်မှာ ဖြစ်ပါတယ်။ စံသတ်မှတ်မှု များကိုတော့ ပရိသတ်က ဘယ်အမျိုးအစားကို ဘယ်လိုခွဲခြား ကြည့်ရမယ် ဆိုတဲ့ အခြေအနေ ရောက်မှ အဆိုပါ စနစ်ကို ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေနဲ့ မြန်မာ့ရုပ်ရှင် လောက ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ပုဂ္ဂလိက ကုမ္ပဏီများနဲ့ ပူးပေါင်းပြီး နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ ဆောင်ရွက် သွားဖို့ ရှိတယ်လို့ သိရှိရပါတယ်။
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့