Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

အဆင့်မြင့် ဓာတ်ဆီများ တရားမ၀င် တင်သွင်း လာပါက နိုင်ငံဘဏ္ဍာ အဖြစ် သိမ်းဆည်း သွားရန်ရှိ


ပြည်တွင်းသို့ အဆင့်မြင့် ဓာတ်ဆီများ တင်သွင်းရာမှာ တရားမ၀င် တင်သွင်းမှုများ ရှိပါက နိုင်ငံဘဏ္ဍာ အဖြစ် သိမ်းဆည်းမှုကို ဇူလိုင်လမှ စတင်ပြီး
လုပ်ဆောင် တော့မှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ အဆင့်မြင့် ဓာတ်ဆီများ တင်သွင်းနိုင်ရန် တင်သွင်းခွင့် လိုင်စင်များကို ထုတ်ပေး ထားပြီး လိုင်စင် မရှိဘဲ မှောင်ခို တင်သွင်းမှုများ ပြုလုပ်ပါက နိုင်ငံဘဏ္ဍ အဖြစ် သိမ်းဆည်း သွားမှာ ဖြစ်ပါတယ်။
 
ဒါ့အပြင် လိုင်စင်ပါ သတ်မှတ် တန်ချိန်ထက် ပိုမိုတင်သွင်း လာပါက အပို တန်ချိန်များကို သိမ်းဆည်း မှုများ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက်မှု များကို ရန်ကုန် ဆိပ်ကမ်းမှာ စတင် လုပ်ဆောင်ဖို့ စီစဉ်လျက် ရှိတာ ဖြစ်ပါတယ်။ အဆင့်မြင့် ဓာတ်ဆီလိုင်စင် ထုတ်ပေးမှုဟာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွင်း တရားဝင် တင်သွင်းမှု လိုင်စင် ၂၀၃၃၂၀ ခုကို ထုတ်ပေး ထားကာ တန်ချိန် နှစ်သိန်း တင်သွင်း ထားပြီး တန်ဖိုး အနေနဲ့ အမေရိကန် ဒေါ်လာ ၂၁၉.၁၁ သန်း ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ရန်ကုန် ဆိပ်ကမ်းမှာ တရားမ၀င် တင်သွင်းမှုများ ဖမ်းဆီးရာ မှာတော့ အဆင့်မြင့် ဓာတ်ဆီ သာမကဘဲ အခြား ကုန်ပစ္စည်းများကိုပါ ဖမ်းဆီးမှုများ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့