Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 July 2013

ဇူလိုင်လ ၉ ရက်နေ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

  ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေအား ကောင်းနေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်မှာ မုတ်သုံလေအား
အသင့်အတင့် ရှိနေပါတယ်။ ဒီကနေ့ ညနေအထိ ခန့်မှန်းချက် ကတော့ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်းမှာ နေရာကွက်ကျား၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ် တို့မှာ နေရာကျဲကျဲ၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ် တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ် တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
 

မနက်ဖြန် အတွက် ခန့်မှန်းချက် ကတော့ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေမှာ မိုးပိုလာ နိုင်ပါတယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက် အတွက်နဲ့ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက် တို့အတွက် ဒီကနေ့ညနေ အထိ ခန့်မှန်းချက် ကတော့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာပါမယ်။ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက် အတွက် ဒီကနေ့ ညနေအထိ ခန့်မှန်းချက် ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာပါမယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့