Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 17 July 2013

ရာဇာမင်း ခရီးသည်တင် ယာဉ်အား လုယက်၍ လူသတ်ခဲ့သူများကို ဖမ်းမိပြီ

ရာဇာမင်း ခရီးသည်တင် ယာဉ်အား လုယက်၍ လူသတ်ခဲ့သူများ ခေါင်းဆောင် ၀င်းဗိုလ်
အခင်းဖြစ်ရာ ရာဇာမင်းကားကိုတွေ့မြင်ရစဉ်။
နေပြည်တော် ဇူလိုင် ၁၆

၈-၆-၂၀၁၃ ရက်နေ့  ၂၁ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၅၄/၄-၅)အကြား ဘုရားကုန်းအကွေ့တွင် ကျိုက္ခမီ-ရန်ကုန် ရာဇာမင်း ခရီးသည်တင်မှန်လုံယာဉ်အမှတ် ၈ဇ/××××အား ဘုရားကုန်းကွေ့ အရောက် ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာ သည့် ခရီးသည်များအနက် သေနတ်အတိုများကိုင်ဆောင်ထားသည့် အမည်မသိလူ(၅)ဦးတို့မှ ယာဉ်အား အနီးရှိတော်ထဲသို့ ခေါ်ဆောင်မောင်းနှင်သွားပြီး သေနတ်ပစ်ဖောက်ကာ ယာဉ်ပေါ်ပါ ခရီးသည်များထံမှ ရွှေ၊ ငွေ ပစ္စည်းများ စုစုပေါင်းတန်ဘိုး(၄၈၈၇၀၀၀ိ/)ခန့်အား ယူဆောင်သွားပြီး ယာဉ်နောက်လိုက် နိုင်လင်းထွန်း၊ ယာဉ်မောင်း ဇော်လင်းထူးတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားခဲ့သဖြင့် သထုံမြို့မရဲစခန်း(ပ)၉၀/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ် နှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းကာ ပြစ်မှုကျူးလွန်သူများရောက်ရှိ ခိုအောင်းနိုင်သည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း သတင်းစုံစမ်းရေးအဖွဲ့များ စေလွှတ်၍ စုံစမ်းခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ ပိတ်ဆို့စစ်ဆေး ခြင်း နှင့် ယာဉ်အ၀င်/အထွက်သွားလာမှုများအား ပိုက်စိပ်တိုက်စစ်ဆေးဆောင်ရွက်ခဲ့သည်။

စုံစမ်းချက်များအရ ၉-၆-၂၀၁၃ ရက်နေ့ ၁၉၀၀အချိန်တွင် သထုံမြို့နယ်၊ ညောင်ချောင်းကျေးရွာအနီးရှိ ရာဘာခြံ လုပ်သားများအား အမည်မသိလူများမှခေါ်ယူ၍ လမ်းပြခိုင်းကြောင်း သတင်းအရ ညောင်ချောင်းကျေးရွာသို့ သွားရောက်စုံစမ်းခဲ့ရာ ၉-၆-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် အမည်မသိလူ(၄)ဦးေ၇ာက်ရှိလာပြီး  လမ်းပြ ပေးရန် လာခေါ်ခဲ့ကြောင်း၊ အဆိုပါလူ(၄)ဦးတွင် ၀င်းဗိုလ်ဆိုသူပါဝင်ကြောင်း၊ ၀င်းဗိုလ်(၃၅)နှစ်မှာ အလုပ် အကိုင် အတည်တကျမရှိဘဲ မိန်းမ(၃/၄)ဦးခန့် ယူထားကြောင်း၊ ၀င်းဗိုလ်မှာ လွန်ခဲ့သော(၂)နှစ်ခန့်က ဘုန်းကြီး ၀တ်ဖြင့်ပင် မြ၀တီဘက်သို့ထွက်ခွာ သွားခဲ့ရာ ပြန်လာခဲ့ခြင်းမရှိကြောင်း၊ ၀င်းဗိုလ်တို့(၄)ဦးအား လိုက်ပို့စဉ် ကျန်လူများမှာ ခပ်လှမ်းလှမ်းမှလိုက်ပါခဲ့ကြောင်း၊ ၄င်းနောက် ဖားပိုင်ကုန်းကျေးရွာသို့သွားသည့် လမ်းအတိုင်း ဆက်လက် ထွက်ခွာသွားကြောင်းသိရှိ၇သည်။

စစ်ဆေးရေးအဖွဲ့သည် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည်ဟုယူဆရသူ ၀င်းဗိုလ်၏ဓာတ်ပုံအား ဆက်စပ်နယ်မြေ ရဲစခန်းများသို့ ပေးပို့စုံစမ်းခြင်း၊ အခင်းဖြစ်စဉ်က ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအား ဓာတ်ပုံ ပြသ၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ဟုတ်/မဟုတ် တိုက်ဆိုင်စစ်ဆေးခြင်းများ၊ ၄င်းသွားလာတတ်သော ညောင်ချောင်းစခန်းကြီးများ၊ ထန်းပင်ကုန်းရွာ၊ တောင်ကြားရွာများတွင် ၀င်းဗိုလ်၏သတင်းရရှိရေးအတွက် စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

၇-၇-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်တွင် သထုံမြို့နယ်၊ စခန်းကြီးကျေးရွာနေ ဒေါ်ရွှေဇင်၏ဈေးဆိုင်ရှိ အငှားဖုန်း သို့ ၄င်းရွာနေ ဒေါ်ခင်အုန်းမြင့်ထံ ဖုန်းနံပါတ် ၀၈၈၁၄၆၂၅၃၃ မှ ဦးဇင်းဝင်းဗိုလ်က ဖုန်းဆက်ခဲ့ကြောင်း သိရှိရ သဖြင့် အဆိုပါဖုန်းနံပါတ်ကို အခြေခံ၍ စုံစမ်းခဲ့ရာ ၀င်းဗိုလ်မှာ မြ၀တီမြို့နယ်၊ ထိကော်ထောကျေးရွာအနီးရှိ ၈၁၇ ကျေးရွာတွင် ရှိနိုင်ကြောင်း သိရှိရသည်။

၎င်းနောက် မြ၀တီခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ နယ်ခြားစောင့်တပ်များမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းလျက် မြ၀တီမြို့နယ်၊ ထိကော်ထောကျေးရွာအနီး ၈၁၇ ကျေးရွာနယ်မြေဒေသနှင့် ပတ်ဝန်းကျင် ဒေသများသို့ ၈-၇-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်မှစ၍ ၀ိုင်းဝန်းပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ ၂၂၃၀ အချိန်တွင် နယ်မြေခံတပ်က မြ၀တီမြို့နယ်၊ ၈၁၇ ရွာရှိ မဉ္ဇူမြိုင်ဘုန်းကြီးကျောင်း၍ ၀င်းဗိုလ်အား ဖမ်းဆီးရမိခဲ့ သဖြင့် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဝင်းဗိုလ်အား စစ်ဆေးချက်အရ ခရီးသည်တင်မှန်လုံယာဉ်အား ဓားပြတိုက်လူသတ်မှုကျူးလွန်ခဲ့ရာတွင် ၄င်းကိုယ်တိုင်ခေါင်းဆောင်ခဲ့ပြီး ၄င်းနှင့်အတူ သထုံမြို့နယ်၊ ဖားပိုင်ကုန်းကျေးရွာနေ အောင်ထူးနှင့် ဇော်ဝိတ်၊  ၀န်းဂုတ်ကျေးရွာနေ စောသာပလို့ထူးနှင့် မောင်ငယ်ထွေး၊ ကမ်းနီကုန်းကျေးရွာနေ မောင်ငယ်တို့ပူးပေါင်းပါဝင် ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

သို့ဖြစ်၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၁၃-၇-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန်တွင် ဇော်ဝိတ်(၃၈)နှစ်၊ အောင်ထူး(၃၆)နှစ်နှင့် မောင်ငယ်(၃၄)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။ ကျန် ရှိနေသည့် မောင်ငယ်ထွေးနှင့် စောသာပလို့ထူးတို့အား အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းနိုင်ရေး အတွက် ရဲတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့