Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 17 July 2013

မြောက်ဥက္ကလာပမှာ သံဃာတစ်ပါး အသတ်ခံရ

၁၆.၇.၂၀၁၃ ရက်နေ့ ၁၇း၃၀ အချိန် မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်ရှိ ရတနာသိင်္ဂီကျောင်း တိုက်တွင် သံဃာတစ်ပါး သေဆုံးနေကြောင်း သတင်းအရ မြောက်ဥက္ကလာပမြို့နယ်
ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့မှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ၄င်းကျောင်းတိုက်ဘေးရှိ အင်းရဲမင်္ဂလာစံကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးနန္ဒ(ခ)ဦးထွန်းဝင်း၊(၄၅)နှစ်၊ (၂၅)၀ါ၊ (ဘ)ဦးအုန်းမြ မှာ ရင်ဝထိုးသွင်းဒဏ်ရာ ၀မ်းဗိုက်ဝဲဘက် ထိုးသွင်းဒဏ်ရာ၊ ၀ဲနားနောက်စုတ်ပြဲဒဏ်ရာ၊ ၀ဲလက်မောင်းစုတ်ပြဲ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး တရားခံအား စုံစမ်းရာ ရတနာသိင်္ဂီကျောင်းထိုင်ဆရာတော် ဦးကုမာရ(ခ)ဦးကျော်ရှင်၏ သားဖြစ်သူ ၀င်းမြင့်၊(၄၃)နှစ်၊(ဘုန်းကြီးကျောင်းနေသူ)ဖြစ်ကြောင်း သိရှိရသဖြင့် ထွက်ပေါက်များအား ပိတ်ဆို့လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ ၂၀း၂၅ အချိန် ကျောင်းတိုက်၏ နောက်ကျော ဘက်ရှိ အထက(၅) စာသင်ကျောင်းဝင်း အတွင်းမှ ဖမ်းဆီးရမိသဖြင့် ၀င်းမြင့်အား မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၅၇၈/၂၀၁၃၊ပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက်ထားရှိ ကြောင်း သတင်းရရှိပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့